Connect with us

Videos

အမေရိကန်နိုင်ငံ၌ အီလက်တိုရယ်ကောလိပ်မဲများ ရေတွက်ခြင်း ရပ်တန့်ရန် အတင်းအကျပ်တောင်းဆို(ရုပ်သံ)

နယူးယောက်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

အမေရိကန်နိုင်ငံ ၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် အီလက်တိုရယ်ကောလိပ်မဲများ(electoral college) ရေတွက်နေခြင်းကို ရပ်တံ့ရေး အတင်းအကျပ်တောင်းဆိုရန် ဆန္ဒပြသမားများသည် အမေရိကန်ဒေသစံတော်ချိန် ဇန်နဝါရီ ၆ ရက် ညနေပိုင်းက Capitol လွှတ်တော်အဆောက်အဦအတွင်းသို့ ချိုးဖျက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ဆန္ဒပြသမားများ နှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံကြရာ နှစ်ဘက်စလုံး ဒဏ်ရာများစွာရရှိခဲ့ကြသည်။

Capitol အနီး အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ရွေးကောက်ခံ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က ထိုလုပ်ရပ်သည် ဆန္ဒပြခြင်းမဟုတ်ဘဲ ပုန်ကန်ထကြွခြင်းဖြစ်ကြောင်း Delaware ပြည်နယ် Wilmington မြို့ရှိ နေအိမ်မှ နေ၍ ပြောဆိုခဲ့သည်။“ ဒါက သဘောထားကွဲလွဲမှုမဟုတ်ဘူး ၊ ဒါက အမိန့်မနာခံမှုပါ၊ ဒါဟာ ပရမ်းပတာ လုပ်ဆောင်မှုပါ၊ ကန့်သတ်မျဉ်းကိုချိုးဖောက်ကျော်လွန်တာပါ” ဟု ဘိုင်ဒန်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.