Connect with us

Videos

အာဂျင်တီးနားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ဂြိုဟ်တု နည်းပညာ ပူးပေါင်းဆောင်ရွက်

ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ် / စုဝင့်

အာဂျင်တီးနားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ သည် ဂြိုဟ်တု နည်းပညာဆိုင်ရာနယ်ပယ်၌ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းစွာ မြှင့်တင်ခဲ့သည်။ ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် နှစ်နိုင်ငံ စလုံး သာမက တစ်ကမ္ဘာလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် တီထွင်ဆန်းသစ်မှုဆိုင်ရာ စီမံကိန်းများကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှု၏ နမူနာတစ်ခုမှာ အာကာသလေ့လာရေးကို ဆောင်ရွက်သည့် ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့သော အာဂျင်တီးနား ဂြိုဟ်တုကုမ္ပဏီ Argentina satellogic နှင့် တရုတ်နိုင်ငံ great wall industry corporation တို့ ပူးပေါင်း၍ အရွယ်စားသေးငယ်သော မိုက်ခရိုဂြိုဟ်တုပေါင်း အလုံး ၉၀ ကို အာကာသထဲသို့ လွှတ်တင်ရန်ဖြစ်သည်။

“ ကျွန်တော်တို့မှာ သိပ်ကို ခိုင်မာတဲ့အစီအစဉ် တစ်ခုရှိပါတယ် ပထမအဆင့်အနေနဲ့ကျွန်တော်တို့က တစ်ကမ္ဘာလုံးကို တစ်ပတ်မှာ တစ်ကြိမ်လောက် ရုပ်ပုံရိုက်ကူးထားချင်ပါတယ် ဒီအတွက် ဂြိုဟ်တုအလုံး ၆၀ ကနေ ၉၀ လောက်လိုအပ်မှာပါ ဒီအတွက် ကျွန်တော်တို့နှစ်စဉ်နှစ်တိုင်း ဂြိုဟ်တုအရေအတွက်ကိုတိုးမြှင့်လွှတ်တင်သွားမှာပါ ဒါကြောင့်ကျွန်တော်တို့ ၄ လကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ၃လတစ်ကြိမ်လောက်ဖြစ်ဖြစ် လွှတ်တင်မှာပါ အဲဒီ ဂြိုဟ်တုတွေကိုတော့ သယ်ဆောင်ရေး ဒုံးပျံတစ်စင်းက အာကာသထဲ အရောက်ပို့ဆောင်ပေးသွားမှာပါ ”တရုတ်နိုင်ငံက ပြီးခဲ့သည့် သောကြာနေ့တွင် ဆန်းရှီးပြည်နယ်ရှိ ထိုင်ယွမ် ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၁၃ စင်းအား ဂြိုဟ်ပတ်လမ်းအတွင်းအောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည်။ အဆိုပါ ဂြိုဟ်တုများတွင် အာဂျင်တီးနားနိုင်ငံထုတ် remote sensing commercials အဝေးထိန်းအာရုံခံစနစ်သုံးစီးပွားဖြစ်ဂြိုဟ်တု ၁၀ လုံးပါဝင်ခဲ့ကြောင်း နှင့် ၎င်းတို့ကို Long March-6 သယ်ဆောင်ရေးဒုံးပျံဖြင့်လွှတ်တင်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.