Connect with us

Videos

ကလေးများနေ့အထိမ်းအမှတ် ကလေးငယ်(၄) ဦး လေယာဉ်အမှုထမ်းအဖြစ်ခဏတာဆောင်ရွက်

ရှီအန်းမန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ရှီအန်းမန် လေကြောင်းလိုင်း တွင် နိုင်ငံတကာကလေးများနေ့ ဇွန်လ ၁ ရက်နေ့က ကလေးငယ်များကို လေကြောင်း လုပ်ငန်းအတွေ့အကြုံရစေရန် ဆေ ာင်ရွက်ပေးခဲ့သည်။ ရှီအန်းမန် က ကူမင်းသို့ ပျံသန်းသည့် MF 8405 လေယာဉ်အတွင်းပိုင်းတွင်လည်းကာတွန်းပုံများရေးဆွဲ ခဲ့ ကာ နတ်သမီးပုံပြင်ကဲ့သို့အသွင်ပြောင်းခဲ့သည်။

အသက် ၄ နှစ်မှ ၈ နှစ်အရွယ် မိန်းကလေး ၂ယောက် ယောင်္ကျားလေး၂ ယောက် ပါဝင်သည့် ကလေး ၄ယောက် က လေယာဉ် ယူနီဖောင်းကိုဝတ်ဆင်ကာ လေယာဉ်ထွက်ခွါချိန်တွင် ခရီးသည်များကိုဖျော်ဖြေခဲ့သည်။ ကလေးများက အစားအစာများကိုလည်းလိုက်လံဝေငှပေးခဲ့သည်။

တကယ့် ဝန်ထမ်းများကဲ့သို့ အလုပ်လုပ်နေသည့် ၎င်းတို့ပုံစံမှာ ခရီးသည်များကို ဆွဲဆောင်နိုင်ခဲ့သည်။ ခရီးစဉ်အတွင်း ကလေး ၄ ယောက် တို့က လည်း အသီးသီးကပြခဲ့ကြသည်။ ၎င်းတို့၏ မိဘများမှာ ရှီအန်းမန်လေကြောင်းလိုင်းဝန်ထမ်းများဖြစ်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.