Connect with us

Videos

ကျူးဘား အမျိုးသား လေကြောင်းလိုင်း ၏ လူပေါင်း ၁၀၀ ကျော် လိုက်ပါခဲ့သော ခရီးသည်တင် လေယာဉ် တစ်စင်း ပျက်ကျမှု ဖြစ်ပွား

ဟာဗာနာ ၊ မေ ၁၉ ရက် (ဆင်ဟွာ)

ကျူးဘား အမျိုးသား လေကြောင်းလိုင်း ၏ လူပေါင်း ၁၀၀ ကျော် လိုက်ပါခဲ့သော ဘိုးအင်း ၇၃၇ လေယာဉ် တစ်စင်း သည် မေလ ၁၈ ရက်နေ့၌ Havana Jose Marti အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ စတင်ထွက်ခွာပြီး မကြာမီ ပျက်ကျမှု ဖြစ်ပွား ခဲ့ရာ မေလ ၁၉ ရက်နေ့ နံနက်ပိုင်း အချိန်ထိ အသက်ရှင်သူ ၃ ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များ အရ လေယာဉ် သည် Havana မြို့ မှ ကျူးဘား နိုင်ငံ အရှေ့ပိုင်းရှိ Holguín မြို့ သို့ ပျံသန်းရန် စီစဉ်ထားပြီး မေလ ၁၈ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၈ မိနစ် တွင် ပျက်ကျသွားခဲ့ကြောင်း ၊ လေယာဉ်ပျက်ကျစဉ် လေယာဉ်ပေါ်တွင် လူပေါင်း ၁၀၄ ဦး လိုက်ပါသွား ခဲ့ပြီး သတင်းဖော်ပြချက်များအရ ပျက်ကျခဲ့သည့် လေယာဉ် မှာ ဆိုးရွားစွာ ပျက်စီးသွားကြောင်း တွေ့ရှိခဲ့ရသည်။

လက်ရှိချိန်တွင် လေယာဉ်ပျက်ကျ ခဲ့သည့် နေရာ အား ပိတ်ဆို့လိုက်ပြီး မီးသတ်ကား နှင့် အရေးပေါ် ကယ်ဆယ်ရေးကား များ အဆက်မပြတ် ဝင်ရောက်သွားကာ ရဲတပ်ဖွဲ့ အနေဖြင့် ထိန်းသိမ်းရေး လုပ်ငန်း များ ဆောင်ရွက်နေကြာင်း ၊ အခင်းဖြစ်ပွားပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် အတွက် ကယ်ဆယ်ရေး လုပ်ငန်း အတွက် အခက်အခဲ ဖြစ်ပွားစေခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

အခင်းဖြစ်ပွားပြီးနောက် ကျူးဘား နိုင်ငံ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ မှ အခင်းဖြစ်ပွားရာ နေရာ သို့ သွားရောက် ကာ ကယ်ဆယ်ရေး လုပ်ငန်း အတွက် ညွှန်ကြားမှုများ ဆောင်ရွက်ပေးခဲ့သည်။ ၎င်းက လေယာဉ်ပျက်ကျ ခဲ့သည့် နေရာ သည် လယ်ခင်းဖြစ်သောကြောင့် အခြားအဆောက်အဦ ပျက်စီးမှု မဖြစ်ပွား ခဲ့ကြောင်း နှင့် လေဆိပ် အနေဖြင့်လည်း ပုံမှန် လည်ပတ်နေကြောင်း ၊ လက်ရှိချိန်တွင် စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်း ထားပြီး အခင်းဖြစ်ပွားရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ အမြန်ဆုံးဖော်ထုတ် နိုင်ရန် ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

ယခု ပျက်ကျ ခဲ့သည့် လေယာဉ် သည် ကျူးဘား လေကြောင်းလိုင်း ကုမ္ပဏီ မှ မက္ကဆီကို နိုင်ငံ လေကြောင်း ကုမ္ပဏီ တစ်ခု မှ ငှားရမ်းထားသည့် လေယာဉ်တစ်စင်း ဖြစ်သည်။ မက္ကဆီကို နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ၏ မေလ ၁၈ ရက်နေ့၌ ထုတ်ပြန်ချက်အရ ပျက်ကျ ခဲ့သည့် ဘိုးအင်း ၇၃၇ လေယာဉ် သည် ၁၉၇၉ ခုနှစ် တွင် တည်ဆောက် ခဲ့သည့် လေယာဉ် တစ်စင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.