Connect with us

Videos

၂၀၁၅ ခုနှစ်၏ ထင်ရှားသော နိုင်ငံတကာ ဖြစ်ရပ်များမှ ကောက်နှုတ်ချက်များ

ဒီဇင်ဘာ ၃ဝ ရက် (ဆင်ဟွာ)

• (၁) နီပေါနိုင်ငံတွင် ဧပြီလ ၂၄ ရက်၌ ပြင်းအား ပမာဏ ၇.၉ ရစ်ချက်စတာ စကေးရှိ ငလျင် လှုပ်ခတ်ခဲ့ရာ ဧဝရတ် တောင်တက်သမားများ အပါအဝင် လူပေါင်း ၄,၃၅၅ ဦး သေဆုံးခဲ့သလို လူပေါင်း ရှစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့ကာ အိမ်ခြေပေါင်း လေးသောင်းကျော် ပျက်စီးခဲ့သည်။

• (၂) ဂရိနိုင်ငံ သည် ယူရိုဇုန်မှ မခွဲထွက်ရေး အကြိတ်အနယ် ဆွေးနွေးခဲ့ရသလို ဥရောပသမဂ္ဂ၏ သက်တမ်း သုံးနှစ် ရှိသော အရေးပေါ် ကယ်ဆယ်ရေး ချေးငွေ ယူရို ၈၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၃ ဘီလီယံ) အား ဇူလိုင်လ ၁၃ ရက်က သဘောတူလက်ခံခဲ့သည်။
• (၃) မားစ် ခေါ် အင်္ဂ ါဂြိုလ်ပေါ်၌ ပထမဆုံးအကြိမ် ရေစတင်တွေ့ရှိကြောင်း နာဆာ သိပ္ပံပညာရှင်များက စက်တင် ဘာ ၂၅ တွင် အတည်ပြု ပြောကြားခဲ့သည်။
• (၄) တရုတ်နိုင်ငံ၏ ဖက်ဆစ်ဂျပန် တော်လှန်ရေး နှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား (V.Day) အား ထန်းအန်းမင် ရင်ပြင်၌ စက်တင်ဘာလ ၃ရက်က ပြုလုပ်ခဲ့သည်။
• (၅) ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက စပြီး ဆီးရီးယားနိုင်ငံတွင်းမှ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်သူများနှင့် အခြားနိုင်ငံများမှ ရွှေ့ပြောင်းသွားလာ ဒုက္ခသည်များသည် ဥရောပနိုင်ငံများသို့ အလုံးအရင်းနှင့် ဝင်ရောက် လာခဲ့သည်။ ဥရောပနိုင်ငံများ အကြား၌လည်း ဒုက္ခသည် မျှဝေလက်ခံရေးနှင့် နယ်စပ်လုံခြုံရေး ပြဿနာသည် အချေအတင် ဆွေးနွေးနေရသည့် ကိစ္စရပ် ဖြစ်လာသည်။ စက်တင်ဘာ ၂ ရက်က တူရကီ ကမ်းခြေပေါ်တွင် သောင် တင်နေခဲ့သည့် သုံးနှစ်အရွယ် ဆီးရီးယားကလေးငယ်၏ ရုပ်အလောင်း ဓာတ်ပုံနှင့် ၎င်း၏ ဖခင် ဗီဒီယို အသံဖိုင် တို့ မှာ အထူး ကရုဏာသက်အာရုံစိုက်ခံခဲ့ရသည်။
• (၆) ဆီးရီးယားရှိ အိုင်အက်စ် (IS) များအား တိုက်ခိုက်မည့် ရုရှားတိုက်လေယာဉ် SU-24 သည် တူရကီနှင့် ဆီးရီး ယား နယ်စပ်အနီးတွင် နိုဝင်ဘာ ၂၅ ရက်က တူရကီတိုက်လေယာဉ်၏ ပစ်ချခြင်းခံရသည်။ လေယာဉ်မှူးနှစ်ဦး မှာ လေယာဉ်ပေါ်မှ ခုန်ထွက်နိုင်ခဲ့ပြီး တစ်ဦးမှာ မြေပြင်မှ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦး ကို ရုရှားလေတပ်စခန်းက ကယ်တင်နိုင်ခဲ့သည်။
• (၇) ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် မြန်မာနိုင်ငံ၏ သမိုင်းဝင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ သည်။ နိုင်ငံရေးပါတီ ၉၁ ပါတီမှ ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထိုရွေးကောက်ပွဲ တွင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က အမတ်နေရာ အများစု အနိုင်ရရှိခဲ့သည်။
• (၈) ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကာကွယ်ထိန်းချုပ်ရန် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၉၅ နိုင်ငံတို့က ပါဝင်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၃ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြ သည်။
• (၉) နိုင်ငံတကာ အခြေခံအဆောက်အအုံ လိုအပ်ချက်များနှင့် ငွေကြေး စနစ်များအား ပြီးပြည့်စုံစေရန် ရည်ရွယ်ထား သည့် တရုတ်နိုင်ငံအခြေစိုက် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB)အား ဒီဇင်ဘာလ ၂၅ ရက်တွင် ပေကျင်း၌ တရားဝင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်ဆန်း ပိုင်တွင် လုပ်ငန်းများ စတင်လည်ပတ်နိုင်မည် ဖြစ်သည်။
• (၁၀) အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် ၁၀ နိုင်ငံ ပူးပေါင်းလျက် ၂၀၁၅ ခုနှစ် နှစ်ကုန်မှစ၍ အာဆီယံ အသိုက်အဝန်း (ASEAN Community) ကို ထူထောင်ရန် နိုဝင်ဘာလ (၂၂) ရက်နေ့က သဘောတူညီခဲ့သည်။ အာဆီယံ အသိုက်အဝန်း ထူထောင်ခြင်းဖြင့် လူဦးရေ သန်း ၆၀၀ ကျော် ရှိသော အရှေ့တောင်အာရှဒေသကို မိသားစု တစ်ခုသဖွယ် ပေါင်းစည်းသွားရန် ရည်ရွယ်ထားသကဲ့သို့ အာဆီယံပြည်သူလူထုအတွက်လည်း အခွင့်အလမ်းများစွာ ထောက်ပံ့ပေးနိုင်မည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.