Connect with us

Videos

ခရီးသွားဧည့်သည်များအား ဆွဲဆောင်သည့် စပါးခင်းအနုပညာ 

နင်းရှ ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ(ဟွေ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Helan ကောင်တီရှိ လယ်သမားများသည် စပါးခင်းများအား အနုပညာ ရုပ်ပုံများ ဖန်တီး၍ ခရီးသွား ဧည့်သည်များအား ဆွဲဆောင်ခဲ့သည်။ 

တရုတ်နိုင်ငံ၏ ဒဏ္ဍာရီပုံပြင်များ နှင့် ဒဏ္ဍာရီဆန်သော ဇာတ်လမ်းများမှ မျောက်ဘုရင် အပါအဝင် ရုပ်ပုံ ၇ ခု ဖန်တီးပုံဖော်ခဲ့သည်။

ကျေးလက်ဂေဟ ခရီးသွားဥယျာဉ်၏ မန်နေဂျာ Zhao Kai က “အခုနှစ်မှာ ကျွန်တော်တို့ ၁၃ ဒသမ ၃ ဟက်တာ ကျယ်ဝန်းတဲ့ လယ်ယာမြေမှာ စပါးခင်း ရုပ်ပုံ ၇ ပုံ ဖန်တီးခဲ့ပါတယ်။ ကျွန်တော်တို့ ခရီးသွားတွေကို ဆွဲဆောင်ဖို့ စပါးခင်း အနုပညာဖန်တီးမှုကို အသုံးပြုခဲ့ပါတယ်။

ကျွန်တော်တို့ အနုပညာ ဖန်တီးမှုကို ဧည့်သည်တွေ ပိုမို လာရောက် လည်ပတ်ကြည့်ရှုမယ်လို့ မျှော်လင့်ပါတယ်။”ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.