Connect with us

Videos

ဂျပန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၁၇ဝကျော်သေဆုံးပြီး ပျောက်ဆုံးသူများစွာရှိ

တိုကျို ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ အစိုးရအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ကြိုးပမ်းဆောင်ရွက်နေစဉ်အတွင်းမှာပင် သေဆုံးသူ အရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

သေဆုံးသူဦးရေမှာ ဇူလိုင်လ ၁၂ရက်နေ့အနက်ပိုင်းအထိရရှိထားသည့်စာရင်းများအရ ၁၇၆ ဦးရှိပြီဖြစ်ပြီး သိရသည်။

ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီ(JMA) ၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသများ နှင့် အရှေ့ပိုင်းဒေသများတွင် ဇူလိုင်လ ၅ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်နေကြောင်း ဆိုသည်။

ဇူလိုင် ၁ဝ ရက် နံနက်ပိုင်းအထိ စီရင်စုပေါင်း ၁၂ ခုမှ နေအိမ်ပေါင်း ၃ဝဝ,ဝဝဝ နီးပါးသည် ရေပြတ်တောက်လျက်ရှိနေဆဲဖြစ်ကြောင်း ဂျပန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.