Connect with us

Videos

ဂျေရုဆလမ်မြို့ သို့ အမေရိကန်သံရုံးအားရွှေ့ပြောင်းခြင်းက အရှေ့အလယ်ပိုင်းဒေသအတွင်း ပဋိပက္ခများ ပိုမိုဖြစ်ပွားလာနိုင်

ရာမယ်လ်လာ၊ မေ ၁၆ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ မှ အမေရိကန်သံရုံးအား ဂျေရုဆလမ်မြို့သို့ အငြင်းပွားဖွယ် ပြောင်းရွှေ့မှု သည် အရှေ့အလယ်ပိုင်းဒေသအတွင်း မတည်ငြိမ်မှု နှင့် ပဋိပက္ခများ ပိုမိုဖြစ်ပွားမှုကို ဦးတည်လာစေမည်ဖြစ်ကြောင်း ပါလက်စတိုင်းလေ့လာဆန်းစစ်သူများ ကပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် သွေးထွက်သံယိုပဋိပက္ခများ ဖြစ်ပွားနေသည့်ကြားက ဂျေရုဆလမ်မြို့ ၌ အမေရိကန်သံရုံးသစ်အား တရားဝင် ဖွင့်လှစ်မှုကို မေ ၁၄ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး အစ္စရေးနိုင်ငံ နှင့် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများ စုဝေးတက်ရောက်လာခဲ့ကြသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၇ခုနှစ် ဒီဇင်ဘာလတွင် ဂျေရုဆလမ် မြို့အား အစ္စရေးနိုင်ငံ ၏ မြို့တော် အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပြီး အစ္စရေးရှိ အမေရိကန်သံရုံးကို ယင်းအငြင်းပွားဖွယ် နေရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးညွှန်ကြားခဲ့သည်။

အကြီးတန်းအမေရိကန်ကွန်ဂရက်ကိုယ်စားလှယ်တစ်ဦး အပါအဝင် ဧည့်သည်ပေါင်း ၈၀၀ကျော်တို့သည် ဂျေရုဆလမ်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး၌ ကျင်းပသော အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဆိုပါရုံးအား သံရုံးအသစ် ဆောက်လုပ်ပြီးချိန်အထိ ယာယီသံရုံးအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

ဂျေရုဆလမ်မြို့တွင် အမေရိကန်သံရုံးသစ်ဖွင့်လှစ်သည့် မေ ၁၄ ရက်တွင် ပဋိပက္ခအသစ်များ ထွက်ပေါ်လာပြီး အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုကြောင့် အနည်းဆုံးကလေးငယ် ၂ဦးအပါအဝင် လူ ၅၂ဦး သေဆုံးခဲ့ကာ အခြားလူ ၁,၇၀၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.