Connect with us

Videos

စက်ဘီးချန်ပီယံတစ်ဦး အန္တရာယ်များလှသည့် စက်ဘီးနောက်ပြန် တစ်ပတ်ကျွမ်း စတန့်ကို ပြသ

ကော်စတာရီကာ၊ သြဂုတ် ( ၂၇ ) ဆင်ဟွာ

ကန်းနက် တန်ဆီယို ဆိုသူ ကော်စတာရီကာနိုင်ငံသား နံမည်ကျော် စက်ဘီးစတန့်သမားတစ်ဦးသည် အန္တရာယ်များလှ သည့် စက်ဘီးနောက်ပြန် တစ်ပတ်ကျွမ်း စတန့်ကို ပြသခဲ့သည်။အခြားစက်ဘီး စတန့် သမား များစွာ က မဖြစ်နိုင်ဟု လှောင်ပြောင်ခဲ့သည့် ထို စတန့်ကို ဖြစ်အောင်ပြသသွားသူလည်းဖြစ်သည်။ လှေကားအထစ်ပေါင်းများစွာမှ စက်ဘီးဖြင့် တစ်ပတ်ကျွမ်းထိုးပြသည့် ပြကွက်သည် မြင်ရသူအားလုံးကို ရင်သပ်ရှုမောစေသည်။

ကန်းနက်သည် ပြိုင်ပွဲတိုင်းတွင် စိန်ခေါ်မှုများကိုအောင်မြင်စွာဖြတ်ကျော်နိုင်သူတစ်ဦးဖြစ်ပြီး အသစ်အဆန်းစတန့်ပြကွက်များကို အမြဲ ပြသနိုင်ရန်ပြင်ဆင်နေသူတစ်ဦးလည်းဖြစ်သည်။ ထိုသို့နောက်ပြန်ကျွမ်း ပြကွက်အတွက် အမြင့် ၁.၈ဝ မီတာ ခန့်ရှိ လှေခါးထစ်ပေါင်း၁ဝ ထစ်ခန့်မှစက်ဘီးဖြင့်ကျွမ်းထိုးပြရမည်ဖြစ်သည်။

ကန်းနက်မှာ၎င်းနေထိုင်ရာ ကာတာဂိုမြို့လေးတွင်စတန့်ပညာရှင်အဖြစ်နံမည်ကျော်ကြားရုံသာမက ် ပြင်သစ်၊ ခရိုအေးရှား၊ တောင်အာဖရိကတိုက်နှင့် အခြား ကမ္ဘာ့နေရာများတွင် ချန်ပီယံတစ်ဦးအဖြစ် ဆက်လက် ရပ်တည်ရန်ကြိုးပမ်းလျက်ရှိသည်။ ၎င်းသည် လာမည့် စက်တင်ဘာလ ၃ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု တွင် ပြိုင်ပွဲဝင်ရောက်မည်ဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကနေဒါ နိုင်ငံနှင့် အောက်တိုဘာလ ၂၈ ရက်နေ့တို့တွင် တရုတ်နိုင်ငံတို့တွင် သွားရောက်ယှဉ်ပြိုင်မည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.