Connect with us

Videos

စည်းကမ်း၊ လုပ်ထုံးလုပ်နည်း နှင့် ဥပဒေကို လေးစားလိုက်နာမှုအားနည်းခြင်းဟာ ပရမ်းပတာ ဒီမိုကရေစီစနစ်အား ဦးတည်သွားစေနိုင်ကြောင်းဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ပြောကြား

ရန်ကုန်၊မတ်၂၇ရက်(ဆင်ဟွာ)

နိုင်ငံအား ဒီမိုကရေစီဖော်ဆောင်ရာမှာ အဓိကနှောင့်ယှက်ဟန့်တားမှု နှစ်ခုဖြစ်သည့် စည်းကမ်း၊ လုပ်ထုံးလုပ်နည်း နှင့် ဥပဒေကို လေးစားလိုက်နာမှုအားနည်းခြင်း နှင့် လက်နက်ကိုင်သောင်းကျန်းမှုများ ရှိနေခြင်းသည် ပရမ်းပတာ ဒီမိုကရေစီစနစ်အား ဦးတည်သွားစေနိုင်ကြောင်း ၇၁ နှစ်မြောက်တပ်မတော်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းပြောကြားသည့်မိန့်ခွန်းထဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော် နှင့် ပြည်သူလူထု အကျိုးစီးပွါးကို ဖြစ်ထွန်းအောင်မြင်ရန် ဖော်ဆောင်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြည်သူအများစုရဲ့ဆန္ဒက တိုင်းပြည်တည်ငြိမ်အေးချမ်းရေး နဲ့ ကောင်းမွန်စွာ လုပ်ကိုင်စားသောက်ပြီး သူတို့ဘဝတိုးတက်ရေးဆိုတဲ့ ကိုယ်စိတ်နှစ်ပါးချမ်းသာရေးပဲ ဖြစ်တယ်။ ပြည်သူလူထု စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့ အတွက် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး နဲ့လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းတွေကို လုပ်ဆောင်ရမှာဖြစ်သလို တပ်မတော်အနေနဲ့ ပြည်သူ့ဘဝဖံွံ့ဖြိုးတိုးတက်နိုင်ဖို့ နိုင်ငံကို ကာကွယ်ရမယ်။ ပြည်သူများကို စောင့်ရှောက်ရမယ်၊ဒါကြောင့် တပ်မတော်အနေနဲ့ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံမူချမှတ်ပြီး ဆောင်ရွက်နေခြင်း ဖြစ်သည်။’’ ဟုပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.