Connect with us

Videos

ဆရာမကြီး ဒေါ်ဇင်ခိုင်ရန်ပုံငွေမှ ပညာသင် ထောက်ပံ့ငွေများအား ကျောင်းသား များထံသိုလွှဲပြောင်း ပေးအပ်

ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)သည် ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသီးသီးရှိ ပညာရည် ထူးချွန် ထက်မြက်ပြီး ဆင်းရဲနွမ်းပါးသော ကျောင်းသား/သူများအား ပညာသင် ထောက်ပံ့ငွေ ချီးမြှင့်ပေးအပ်ပွဲအား ယနေ့မတ် ၆ ရက်နေ့တွင် ရန်ကုန်မြို့ ရှိ တရုတ်ကုန်သည်များ အသင်းရုံး၌ ပြုလုပ်ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ယခု အခမ်းအနားသည် ပညာရေး ထောက်ပံ့သည့် အခမ်းအနားဟု ယူဆ၍ ရသော်လည်း အကျိုးရလဒ် အားဖြင့် ပညာရည် ထူးချွန်သည့် ကလေးများ၏ လိုအပ်ချက်ကို ဖြည့်တင်းပေးသည့် အတွက် အနာဂတ်တွင် မြန်မာနိုင်ငံတွင် ထူးချွန်သည့် ကျောင်းသားများ ဖြစ်လာစေရန် ရည်ရွယ်ပါကြောင်း ၊ စသဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဆရာမကြီး ဒေါ်ဇင်ခိုင် ဖောင်ဒေးရှင်းမှ ပညာရေး ထောက်ပံ့လှူဒါန်းမှုများသည် ကူညီထောက်ပံ့မှု စိတ်ကောင်း စေတနာများကို ဖော်ပြနေရုံသာမက တရုတ်-မြန်မာ နှစ်နိုင်ငံ၏ နက်ရှိုင်းသည့် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကိုလည်း ဖော်ပြနေပါကြောင်း နှင့် ဆရာမကြီး ဒေါ်ဇင်ခိုင်၏ ဆောင်ရွက်ချက်များအား ဂုဏ်ပြု ချီးကျူးစကားများ ပြောကြားခဲ့သည်။

ထိုနောက် တိုင်းဒေသကြီး နှင့် ပြည်နယ် (၁၄) ခုမှ ပညာထူးချွန်ပြီး အဆင့်မြင့် ပညာ သင်ယူရန် ငွေကြေး အခက်အခဲရှိသည့် တက္ကသိုလ်ကျောင်းသူ ကျောင်းသား (၁ဝ၆)ဦးအား ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ ပညာသင် ထောက်ပံ့ကြေး (၃) သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၃၁,၈၀၀,၀၀၀ သိန်း အပါအဝင် ကျောင်းသား/သူ တစ်ဦးလျှင် ဗလာစာအုပ် ၂ ဒါဇင်စီဖြင့် စုစုပေါင်း ၂၁၂ ဒါဇင် နှင့် အခမ်းအနားသို့ တက်ရောက်လာကြသုူများအား ကျောင်းသား/သူများ၏ ကိုယ်ရေး ရာဇဝင် စာအုပ်များ နှင့် တရုတ်ပြည် ဖွံ့ဖြိုး တိုးတက်မှုအား ရေးသားထားသော ဝေးဝေးကြည့် မြင့်မြင့် ပျံသန်းနိုင်ခဲ့သော တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဆိုသည့် စာအုပ်များ စုစုပေါင်း တန်ဖိုး ငွေကျပ် ၉၅၈,၀၀၀ တန်ဖိုးရှိ စာအုပ်များအား ပေးအပ်ခဲ့သည်။

ထိုနောက် ပညာသင် ထောက်ပံ့ကြေး လက်ခံ ရရှိခဲ့သည့် ကျောင်းသားများကိုယ်စား ရန်ကုန် နည်းပညာ တက္ကသိုလ်မှ တတိယနှစ် ကျောင်းသား မောင်ဟိန်းထက်လင်းက ကျေးဇူးတင် စကားပြောကြားကာ ဆက်လက်ပြီးပညာကြိုးစားသင်ယူမည့်အကြောင်း ကတိပြု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.