Connect with us

Videos

တပ်မတော် လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွား၊ လေသူရဲ (၅) ဦးသေဆုံး

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တပ်မတော် (လေ) မှ BEECH-1900 D အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စီးသည် ယနေ့ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်း အချိန်တွင် ပုံမှန် Flight Check ဆောင်ရွက်ရန် နေပြည်တော် လေဆိပ်မှ အတက် လေထဲတွင် စက်ချို့ယွင်း၍ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လေသူရဲ ဗိုလ်မှူး အောင်ကျော်မိုး၊ တွဲဖက် လေသူရဲများ ဖြစ်သော ဗိုလ်ကြီး ထင်ကျော်စိုးနှင့် ဗိုလ်ကြီး အောင်ပိုင်စိုး၊ လေယာဉ် အဖွဲ့သားဖြစ်သူ အုပ်ခွဲ တပ်ကြပ်ကြီး ကျော်ဌေးတို့ ၄ ဦးသည် ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်လေယာဉ်အဖွဲ့သားဖြစ်သူ ဒုတိယ တပ်ကြပ် လှဝင်းထွန်းမှာ ဒဏ်ရာ ရရှိခဲ့ကာ နေပြည်တော် တပ်မတော် ဆေးရုံကြီး၌ ဆေးကုသမှု ခံယူစဉ် ရရှိဒဏ်ရာဖြင့် သေဆုံး သွားခဲ့သဖြင့် လေယာဉ်တွင် လိုက်ပါခဲ့သူ ၅ ဦးလုံး သေဆုံး သွားခဲ့ကြောင်း သိရသည်။ ထိုလေယာဉ် ပျက်ကျမှု အခြေအနေ အသေးစိတ်ကို တာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.