Connect with us

Videos

တရုတ်နိုင်ငံက စိတ်ကြိုက်လှည့်ပြောင်းနိုင်သည့် ဝန်အားမြင့် ဝန်ချီစက်ပုံစံသစ်ထုတ်လုပ်

ဝူဟန့်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ China Railway Science and Industry Group Co., Ltd က စိတ်ကြိုက် လှည့်ပြောင်းနိုင်စွမ်းရှိသည့် ဝန်အားမြင့် ဝန်ချီစက်ပုံစံသစ် ကို အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့သည်။ အလေးချိန်အားဖြင့် တန် ၄၀ အထိ အများဆုံးသယ်ဆောင်နိုင်သည့် ၎င်းဝန်ချီစက်သည် အမြင့် ၂.၇ မီတာ အထိ မတင်နိုင်ပြီး လက်တံကို ၃၆၀ ဒီဂရီ စိတ်ကြိုက်လှည့်နိုင်သည်။ ၎င်းဝန်ချီစက်သည် မောင်းနှင်အသုံးပြုရလွယ်ကူသည့်အပြင် နေရာအကျယ်အဝန်းအသုံးပြုမှုလည်း များစွာ သက်သာသည်။ နောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဆိုပါ ဝန်ချီစက်သည် အရေးပါသည့်အခန်းကဏ္ဍ၌ ပါဝင်လာနိုင်ကြောင်းသိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.