Connect with us

Videos

တရုတ်နိုင်ငံရှိ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကျော် တံတား၏ အဓိက လမ်းပိုင်းအား တည်ဆောက်ပြီးစီး

ကွမ်ကျိုး၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ဟောင်ကောင်၊ ကျူးဟိုင် နှင့် မကာအိုဒေသတို့ကို ဆက်သွယ်ပေးမည့် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကျော် တံတား၏ အဓိက လမ်းပိုင်းတည်ဆောက်မှု သည် ဇူလိုင် ၇ ရက်တွင် ပြီးဆုံးသွားပြီဖြစ်ကြောင်း တံတားတည်ဆောက်သူများက ပြောကြားခဲ့သည်။

တံတား စီမံခန့်ခွဲရေးဗျူရို ညွှန်ကြားရေးမှူး Zhu Yongling က တံတားတည်ဆောက်ရန် အချိန် ၇နှစ်ကြာမြင့်ခဲ့ပြီး ၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် အများပြည်သူသွားလာနိုင်ရန် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းတံတား၏ ပင်မလမ်းပိုင်း အရှည်သည် ၂၉.၆ကီလိုမီတာ ရှိပြီး တံတားလမ်းပိုင်း အရှည် ၂၂.၉ကီလိုမီတာ နှင့် မြေအောက်တူးမြောင်း အရှည် ၆.၇ကီလိုမီတာတို့ ပါဝင်ကြောင်း သိရသည်။ တံတား၏ စုစုပေါင်းအရှည်မှာ ၅၅ကီလိုမီတာ ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.