Connect with us

Videos

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ၂ဝ၁၈ ခုနှစ် နှစ်သစ်ဆုမွန်ကောင်း စကားဆို

ပေကျင်း ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နှစ်သစ်ဆုမွန်ကောင်း စကားဆိုရာတွင် ၂ဝ၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုစကားဆိုခဲ့သည်။ “ ကျွန်တော်တို့ဟာ ပြုပြင်ပြောင်းလဲခြင်း နှစ် ၄ဝ ပြည့် အခါသမယ အခွင့်အခါကောင်းကို ဆုပ်ကိုင်ထားပြီး ၂ဝ၁၈ ခုနှစ်မှာ ပြုပြင်ပြင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်ဖို့တံခါးဖွင့်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲခြင်း နဲ့တံခါးဖွင့်ခြင်း အရွေ့ဟာ မျက်မှောက်ခေတ်တရုတ်နိုင်ငံ တိုးတက်စေဖို့နဲ့တရုတ်လူမျိုးတွေရဲ့ မျှော်လင့်ချက် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ကို ကျွန်တော်တို့ကဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု သမ္မတရှီကျင့်ဖိန်က ဆိုသည်။ ပြုပြင်ပြောင်းလဲခြင်း ရှေ့ဆက်တက်လှမ်းနိုင်ရန် “ တောင်ကိုဖောက်၍ မြစ်ကို တံတားဆောက်အံ့” ဟူသော တရုတ်လူမျိုးများ၏ အဆိုအမိန့်တစ်ခုအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရှီက ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းက နှစ်သစ်တွင် တရုတ်လူမျိုးအားလုံးကို နှုတ်ခွန်းဆက်သပါကြောင်း နှင့် တစ်ကမ္ဘာလုံးရှိ မိန့်ဆွေများအားလုံးကို ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖိန်က ၂၀၁၈ ခုနှစ်သည် “ တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ၁၉ ကြိမ်မြောက်အမျိုးသားညီလာခံက ချမှတ်ခဲ့သော စိတ်ကူး ” ကိုပထမဆုံး စတင်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် နှစ်တစ်နှစ်ဖြစ်ကြောင်း မှတ်ချက်စကားဆိုခဲ့သည်။၎င်းစိတ်ကူးမှာ လာမည့် ဆယ်စုနှစ် ၃ ခုကျော်အတွင်း တရုတ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်အောင် လုပ်ဆောင်မည့် ရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ “ ကမ္ဘာမြေပေါ်က တောင်ကုန်းတောင်တန်းနှင့်အတူ မားမားမတ်မတ် စတင်တည်ဆောက်ရပါမယ်” ဟု သမ္မတရှီက ဥပမာဆောင်ပြောကြားခဲ့ပြီး ရှေ့ခေတ်တရုတ်လူမျိုးများ၏ ဆိုရိုးစကားအတိုင်း ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း တဆင့်ပြီးတဆင့် လျှောက်လှမ်းရင်း သဘာဝအစစ်အမှန်တစ်ခုဆီသို့ ကြိုးကြိုးစားစား ထိုးဖောက်ဝင်ရောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ ဆင်းရဲနွမ်းပါးမှုအဆင့်တွင် နေထိုင်နေရသည့် ကျေးလက်နေပြည်သူအားလုံးကို လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် ဆင်းရဲတွင်းမှဆွဲထုတ်နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ယင်းမှာ တရုတ်နိုင်ငံ၌ နှစ်ထောင်ပေါင်းများစွာကာလအတွင်း တရုတ်လူမျိုးများကို ဆင်းရဲတွင်းမှ လွတ်ကင်းအောင် ပထမဆုံးလုပ်ဆောင်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်လာမည်။ “ ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ အကျိုးစီးပွားအပါအဝင် လူသားချင်းစာနာမှုအတွက် မျှဝေခံစားသော လူမှုအသိုက်အဝန်းတစ်ခုကို ပူးတွဲတည်ဆောက်ရန် အားလုံးက ပါဝင်ဆောင်ရွက်ခွင့်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ သမ္မတရှီကျင့်ဖိန်က လူနည်းစုဒေသများမှ ပြည်သူများမှလည်းကောင်း ၊ ပါမောက္ခများမှလည်းကောင်း နှင့် တက္ကသိုလ်ကျောင်းသားများထံမှလည်းကောင်း ပေးပို့သော စာများကို လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ မဟာဖွံ့ဖြိုးတိုးတက်မှုဟာ ပြည်သူလူထုရဲ့ မျိုးချစ်စိတ်နဲ့ကြိုးစားအားထုတ်မှုကြောင့် ရရှိလာခဲ့တဲ့အတွက် လူထုတစ်ရပ်လုံးကပဲ အဲဒီပျော်ရွှင်မှုအသီးအပွင့်ကို ပြန်လည်အကျိုးခံစားခွင့် ရှိသင့်ပါတယ်လို့ကျွန်တော့်အနေနဲ့ခံစားမိပါတယ်” ဟု တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.