Connect with us

Videos

တရုတ်နိုင်ငံ၏ ပင်လယ်သေဟုအမည်တွင်သည့်ဒေသမှ အကြီးဆုံးဓါတ်မြေသြဇာထုတ်စက်ရုံကြီး

ရှင်းကျန်း၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးဆုံးသဲကန္တာရဖြစ်သော Taklamakan ရှိ Lop Nur ကန်သည် ပိုတက်ဆီယမ်ဆာလ်ဖိတ်ဒြပ်ပေါင်းကြွယ်ဝရာနေရာတစ်ခုဖြစ်သည်။ ၎င်းတွင် ဆားပါဝင်မှုနှုန်းအလွန်မြင့်မားသောကြောင့် တရုတ်လူမျိုးများက ပင်လယ်သေဟုအမည်ပေးထားသည်။ ထို ကန်မှတစ်ဆင့် လွန်ခဲ့သည့် ၁၈ နှစ်အတွင်း ပိုတက်ဆီယမ်ဆာလ်ဖိတ်တန်ချိန်ပေါင်း ၁၂ သန်းခန့်ထုတ်ယူနိုင်ခဲ့သည်။ ထိုပမာဏမှာ တရုတ်နိုင်ငံ ၏ ဈေးကွက် တစ်ဝက်စာပမာဏဖြစ်သည်။ ပိုတက်ဆီယမ် မြေသြဇာမှာ အပင်များရှင်သန်ကြီးထွားရန်အတွက် အထူးလိုအပ်သည်။ ဘူမိဗေဒပညာရှင်များက Lop Nur ကန်အတွင်း ကြီးမားသော သဘာဝအရင်းအမြစ်ကိုရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်ပြီးထိုသို့မြေသြဇာများကိုထုတ်ယူခဲ့ကြခြင်းဖြစ်သည်။ နှစ်ပေါင်း ၁၈ နှစ်အကြာတွင် ၎င်းမှာ နိုင်ငံအတွက် အကြီးဆုံးမြေသြဇာထုတ်လုပ်ဖြန့်ဖြူးရာဒေသတစ်ခုဖြစ်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.