Connect with us

Videos

တရုတ်နိုင်ငံ အဆင့်မြင့် ပညာရေး ပြပွဲ ကျင်းပ

ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ တက္ကသိုလ် များမှ လာရောက် ခင်းကျင်းပြသ သည့် စတုတ္ထ အကြိမ်မြောက် တရုတ်အဆင့်မြင့် ပညာရေး ပြပွဲ အား နိုဝင်ဘာ ၂၇ ရက်နေ့ က ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်တွင် ကျင်းပ ပြုလုပ် ခဲ့သည်။ အခမ်းအနား သို့ ပြပွဲ လာရောက် ခင်းကျင်းပြသ သည့် တရုတ် နိုင်ငံ တက္ကသိုလ် အသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ရန်ကုန်မြို့ရှိ တက္ကသိုလ် များမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) အလုပ်အမှုဆောင် ဦးစိန်ညွန့် ၊ ဖူချင့်ကွန်ဖြူးရှပ်စင်တာ (FITC) ကျောင်းအုပ်ကြီး ဒေါက်တာ ထွန်းနိုင် (Mr.Li Zuqing) နှင့် ကျောင်းသား/သူ ပေါင်း ၁၀၀ ခန့် တက်ရောက် ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) အလုပ်အမှုဆောင် ဦးစိန်ညွန့် က တရုတ် နိုင်ငံ ရှိ ကျောင်းများသည် အခြေခံအဆောက်အအုံ ပြည့်စုံမှု ရှိပြီး သင်ထောက်ကူပြု ပစ္စည်းများမှာလည်း လွန်စွာ အဆင့်မြင့် ခေတ်မီကြောင်း ၊ ကျောင်းသား/သူ များအနေဖြင့် အသက်မွေးဝမ်းကြောင်း ပညာရပ် အပြင် တရုတ် ဘာသာစကား ကိုပါ လေ့လာတက်မြောက်နိုင်ကြောင်း ယခု ပြပွဲ မှ တစ်ဆင့် တရုတ် နိုင်ငံရှိ ခေတ်မီ အဆင့်မြင့် တက္ကသိုလ်များတွင် သွားရောက် ပညာသင်ယူ နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဖူချင့်ကွန်ဖြူးရှပ်စင်တာ (FITC) ကျောင်းအုပ်ကြီး ဒေါက်တာ ထွန်းနိုင် က တရုတ် နိုင်ငံ မှ ပေးအပ်သည့် ပညာသင်ထောက်ပံ့ကြေး သည် လွန်စွာ များပြားပြီး နိုင်ငံတကာ တွင် အများဆုံး ဟု ပြောလျင်ပင် မမှားနိုင်ကြောင်း ၊ ကျောင်းသား/သူ များအနေဖြင့် တရုတ်ဘာသာ စကားကို လေ့လာသင်ယူခြင်း အားဖြင့် ကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်း များကို ရရှိစေမည် ဖြစ်ပြီး ပိုမို မြင့်မားသည့် ဝင်ငွေများကိုလည်း ရရှိစေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက်တွင် စတုတ္ထ အကြိမ်မြောက် တရုတ် နိုင်ငံ အဆင့်မြင့် ပညာရေး ပြပွဲ သို့ လာရောက် ခင်းကျင်း ပြသ ခဲ့ကြသည့် တက္ကသိုလ် အသီးသီး မှ တာဝန်ရှိသူများ က မိမိ တို့၏ ကျောင်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြမှု များကို ပြုလုပ်ပေးခဲ့ကြပြီး ပညာသင် ထောက်ပံ့ကြေး ရရှိနိုင်မည့် အခွင့်အလမ်း များနှင့် ကျောင်းတက်ရောက်နိုင်မည့် အခွင့်အလမ်းများကို ရှင်းလင်းတင်ပြ ခဲ့ကြသည်။ ပြပွဲ သို့ တရုတ် နိုင်ငံ မှ တက္ကသိုလ်များ ဖြစ်ကြသည့် Huaqiao University ၊ Tianjin University of Traditional Chinese Medicine ၊ Shanghai Ocean University ၊ Donghua University ၊ Shanghai University ၊ Beihua University ၊ Yunnan University နှင့် Shanghai Lixin College of Accounting and Finance တို့မှ လာရောက် ခင်းကျင်း ပြသခဲ့ကြ ပြီး စတုတ္ထ အကြိမ်မြောက် တရုတ် နိုင်ငံ အဆင့်မြင့် ပညာရေး ပြပွဲ အား ဖူချင့်ကွန်ဖြူးရှပ်စင်တာ (FITC) မှ ကြီးမှူး ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ရှန်ဟိုင်း နိုင်ငံတကာ ဘာသာစကား စင်တာ နှင့် ရန်ကုန် နိုဘယ်လ် ဘာသာစကားစင်တာ (NOBLE) တို့မှ ပူးတွဲ ကျင်းပ ပြုလုပ် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.