Connect with us

Videos

တရုတ်နိုင်ငံ အနောက်ပိုင်း ဒေသရှိ ရထားလမ်းကွန်ရက်၏ အစိတ်အပိုင်းဖြစ်သည့် ဥမင်လိုဏ်ခေါင်းဖောက်လုပ်

ကန်းစု၊ မေ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်တွင် အရှည် ၂ဝ.၁ ကီလိုမီတာ ရှိသည့် ဥမင်လိုဏ်ခေါင်း ပါဝင်သည့် Golmud-Dunhuang ရထားလမ်းကို ဖောက်လုပ်လျက်ရှိသည်။ ရထားလမ်းစုစုပေါင်း အရှည်မှာ ၅ဝ၉ ကီလိုမီတာရှိပြီး တစ်နာရီလျင် ၁၂ဝ ကီလိုမီတာအမြန်နှုန်းဖြင့် ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားလမ်းအမျိုးအစား ဖြစ်သည်။ အဆိုပါရထားလမ်းကို လာမည့် စက်တင်ဘာလတွင် စတင်အသုံးပြုရန် လျာထားပြီး တရုတ်နိုင်ငံ အနောက်ပိုင်းပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ချိတ်ဆက်နိုင်မည့် ရထားလမ်းကွန်ရက်တစ်ခု ဖြစ်လာမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.