Connect with us

Videos

တရုတ်နိုင်ငံ အာရှရေးရာ အထူး သံတမန်မီဒီယာများနှင့်တွေ့ဆုံ

မိုင်ဂျာယန် ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ထောက်ခံသည့်သူများ အားလုံးကို ထောက်ခံ အားပေးပြီး တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံး ပါဝင်မည်ဟု မျှော်လင့်ကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံ၏ အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းက ဇူလိုင်လ ၂၉ ရက် ၊ ကချင် ပြည်နယ် မိုင်ဂျာယန်၌ သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

“ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့အတွက် အဘက်ဘက်က မိမိ ထင်မြင်ချက်တွေ ရှိကြပါတယ်။ မတူညီတဲ့ ထင်မြင်ချက်တွေ ရှိပါတယ်။ အဲဒါ သဘာဝ ကျပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့ဆိုရင် နိုင်ငံတော် အတွက် အရေးကြီးဆုံး အကျိုးရလဒ် တစ်ခု ဖြစ်ပါတယ်။ အရေးကြီးဆုံး ကိစ္စ တစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် အဘက်ဘက်က ဝိုင်းဝန်းပြီးတော့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်”ဟု မစ္စတာ ဆွန်ကော်ရှန်းက သတင်းမီဒီယာများအား ရှင်းလင်း ပြောကြားခဲ့သည်။

ကချင်ပြည်နယ် ၊ မိုင်ဂျာယန်၌ ပြုလုပ်လျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးသို့အထူး ဧည့်သည်တော် အဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်း တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.