Connect with us

Videos

တရုတ်သမ္မတရှီ၏ ဗြိတိန်ခရီးစဉ်အတွင်း ယဉ်ကျေးမှုများအပြန်အလှန်ဖလှယ်နိုင်မည်ဟုမျှော်လင့်

ပေကျင်း၊ အောက်တိုဘာ (၁၆) ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် သည် ဗြိတိန်နိုင်ငံသို့ ပထမဆုံးအကြိမ်အလည်အပတ်ခရီးစဉ်အဖြစ် ယခုလာမည့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် သွားရောက်မည်ဖြစ်သည်။အဆိုပါ ခရီးစဉ်ကြောင့် တရုတ်နှင့်ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုကောင်းမွန်စေမည်ဟုလည်း မျှော်လင့်ရသည်။

(၅) ရက်တာခရီးစဉ် အတွင်းသမ္မတရှီကျင့်ဖိန်သည် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ ခေါင်းဆောင် ၂ဦးတို့ ဟာ နှစ်နိုင်ငံ ပိုမိုရင်းနှီးစွာ ဆက်ဆံ နိုင်ရန်စီမံချက်များရေးဆွဲသွားမည်ဖြစ်သည်။

သမ္မတရှီသည် လွှတ်တော်ထိပ်သီးခေါင်းဆောင်များ၊ အတိုက်အခံပါတီခေါင်းဆောင်များနှင့် ပါတွေ့ဆုံသွားမည်ဟုသိရသည်။ တရုတ်သမ္မတရှီ၏ ခရီးစဉ်အတွင်း တရုတ် နှင့် ဗြိတိန် ၂ နိုင်ငံ တို့သည် ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍ တို့ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်မျှော်လင့်ကြသည်။ စွမ်းအင်ကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဆေးပစ္စည်းကဏ္ဍနှင့် မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍစသည့်ကဏ္ဍများတွင် သဘောတူစာချုပ်များစွာကို ချုပ်ဆိုနိုင်ဖွယ်ရှိသည်။ ယခုနှစ်သည် တရုတ်-ဗြိတိန် ယဉ်ကျေးမှု ဖလှယ်နိုင်ရေးပထမဆုံး နှစ်ဖြစ်သည်။ ၂နိုင်ငံစလုံးမှ ပြည်သူများအချင်းချင်းလည်းအပြန်အလှန်ဆက်သွယ်နိုင်ရန်အခွင့်အလမ်းများပံ့ပိုးပေးခဲ့ခြင်းဖြင့် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍများ ဆောင်ရွက်ခဲ့သည်။

မနုဿဗေဒပညာရှင် နှင့် King’s College of the University of Cambridge Emeritus ပရော်ဖက်ဆာ Alan MacFarlane က လည်း သမ္မတရှီ၏ ဗြိတိန်ခရီးစဉ် အတွင်းနှစ်နိုင်ငံ ယဉ်ကျေးမှုအမွေအနှစ်များပိုမိုဖလှယ်ရန်မျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ဟာ ယဉ်ကျေးမှုများ များစွာဖလှယ်နိုင်တော့မှာဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဗြိတိန် ပြတိုက်၊ ဗစ်တိုးရီးယား အဲလ်ဘတ်ပြတိုက် နှင့် အခြားပြတိုက်များမှ ယဉ်ကျေးမှုအမွေအနှစ်များအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်စီစဉ်ထားမှုများရှိကြောင်း၊ ဒါ့အပြင် ဗြိတိန်မှ Shakespear Global Company ဟာလည်း တရုတ်နိုင်ငံ တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် နှစ်နိုင်ငံ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ် ရေးအတွက် များစွာ ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.