Connect with us

Videos

NCA စာချုပ်သည် နောင်မျိုးဆက်သစ်များအတွက် သမိုင်းလက်ဆောင်တစ်ခုဖြစ်ကြောင်း သမ္မတဆို

နေပြည်တော်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ယနေ့ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA) တွင် လက်မှတ် ရေးထိုးပွဲအခမ်းအနား ၌ နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ NCA သည် နောင်မျိုးဆက်သစ်များအတွက် သမိုင်းလက်ဆောင်တစ်ခုဖြစ်ကြောင်း မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ လက်မှတ် ရေးထိုးသော်လည်း လက်မှတ် ရေးထိုးရန် ကျန်ရှိသော အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကိုလည်း ဆက်လက် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ လက်မှတ် ရေးထိုးရန် ကျန်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင် လက်မှတ် ရေးထိုးနိုင်ရေးကို အားလုံး ကြိုးစားမည် ဖြစ်ပြီး အားလုံး ပါဝင်ရေးကို တံခါး ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း ယခုလိုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.