Connect with us

Videos

တရုတ်သံရုံးမှ မေရီချက်ပ်မင်းကျောင်းအတွက် ကျပ်သိန်း ၆၀၀ တန်ဖိုးရှိသည့် စားသောက်ကုန်များလှူဒါန်း

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းအတွက် ကျပ်သိန်း၆၀၀ တန်ဖိုးရှိသည့် စားသောက်ကုန်များလှူဒါန်းပွဲ အခမ်းအနားကို မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းတွင် ယနေ့ ကျင်းပခဲ့သည်။ မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်းက မေရီချက်ပ်မင်း နားမကြားသော ကျောင်း၏ အမှန်တကယ်လိုအပ်နေသော မီးဖိုချောင်သုံး စားသောက်ကုန် နဲ့ အခြားပစ္စည်းတွေကို တရုတ်နိုင်ငံ သံရုံး မှ သံအမတ်ကြီး နှင့် အလှူရှင်များက စေတနာထက်သန်စွာ နဲ့ လာရောက်လှူဒါန်းခြင်းကြောင့်မင်္ဂလာရှိသောနေ့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် (Hong Liang) က ယခုတစ်လောတွင် မေရီချက်ပ်မင်းကျောင်းက ကလေးများဘဝနေထိုင်မှုအတွက် အခက်အခဲအချို့ကြုံတွေ့နေသည်ကို သိရှိသည့် အတွက် အိမ်နီးချင်း မိတ်ဆွေအနေဖြင့် တရုတ်သံရုံးက မြန်မာကျပ်ငွေ သိန်း၆၀၀ အကုန်အကျခံကာ စီးတီးမတ် ကုမ္ပဏီနှင့် ပူးပေါင်းပြီး ကလေးသူငယ်များအတွက် စားသောက်ကုန် နဲ့ နေ့စဉ်သုံးပစ္စည်းများကို ကာလခွဲ၊ အသုတ်ခွဲပြီး လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မေရီချက်ပ်မင်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၅၇ ဦးရှိပြီးထိုအထဲမှာမှ အဆောင်မှာနေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၃၀ နှင့် အိမ်မှ တက်ကြသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၅၀ ဦး ရှိပြီး၊ ကျောင်းတွင် ဆရာ၊ ဆရာမ ၄၀ ဦးမှ သင်ကြားပေးလျက်ရှိသည်။ ၎င်းအခမ်းအနား တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စတာဟုန်လျန် (Hong Liang) ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်း နှင့် City Mart မှ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့် တို့မှ လှူဒါန်းမှု နှင့် သက်ဆိုင်သော သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ယင်းနောက်တွင် ကျောင်းသား၊ ကျောင်းသူလေးများ မှ ဖျော်ဖြေတင်ဆက် ကပြခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.