Connect with us

Videos

တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး အား တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် အတူတကွ ပျော်ရွှင်စွာ ကြိုဆို

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

“၂၀၁၉ ခုနှစ် တရုတ် နှစ်ကူး ဧည့်ခံပွဲ ” အခမ်းအနား အား ဖေဖေါ်ဝါရီ ၁ ရက် တွင် ရန်ကုန်မြို့ ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး အိမ်တော်တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ နှင့် အရပ်ဖက် ဆွေမျိုးပေါက်ဖော် တို့ က အတူတကွ ပျော်ရွှင်စွာ နှစ်သစ် အား ကြိုဆိုခဲ့ကြသည်။

အခမ်းအနား သို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ နိုင်ငံ အစိုးရ ဌာန အသီးသီး မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ အရပ်ဖက် အဖွဲ့အစည်း အသီးသီး မှတာဝန်ရှိပုဂ္ဂိုလ်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က တရုတ် ရိုးရာ နှစ်သစ်ကူး အရ မကြာမီ ရောက်ရှိလာတော့မည့် နှစ်သစ် တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးစီးပွား ပိုမို ဆောင်ကြည်ပေးပြီး ကမ္ဘာကြီးအတွက် ပျော်ရွှင်မှု နှင့် မျှော်လင့်ချက် ပိုမို ဆောင်ကြည်း ပေးစေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ က ၂၀၁၉ ခုနှစ် တွင် နှစ်နိုင်ငံ ပြည်သူလူထု တို့ ကံကောင်းမှု ၊ ချမ်းသာကြွယ်ဝမှု နှင့် အောင်မြင်မှုများ အတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။အခမ်းအနားတွင် ၁၉၇၈ ခုနှစ် မှ ၂၀၁၈ ခုနှစ် အထိ တရုတ် နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့် ဝါဒ နှစ် ၄၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံ ပြပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ် နိုင်ငံ ကျန်းစူး ပြည်နယ် ၊ ယူနန်ပြည်နယ် ၊ ရှန်ရှီးပြည်နယ် ၊ မြန်မာ နိုင်ငံ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာပညာ တက္ကသိုလ် နှင့် ရန်ကုန်မြို့ရှိ မေရီချက်(ပ်)မင်း နားမကြားကလေးများကျောင်း တို့မှ ရှုမငြီးဖွယ် ဖျော်ဖြေတင်ဆက်မှုများကို တင်ဆက်ခဲ့ကြသည့် အပြင် တရုတ် ရိုးရာ အနုပညာလက်ရာ များ နှင့် ရိုးရာ အစားအစာ များဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် တို့ အတူတကွ နှစ်သစ်အား ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.