Connect with us

Videos

တရုတ်-အာဖရိက ထိပ်သီး အစည်းအဝေး၌ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြော

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

အာဖရိကတိုက်၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုအား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (Xi Jinping) က ချီးကျူးလိုက် သလို ဖွံ့ဖြိုးမှု နိမ့်ကျသည့် အာဖရိက နိုင်ငံများ၏ ချေးငွေများအား လျှော်ပစ်ပေးမည် ဖြစ်ကြောင်းနှင့် ပမာဏ အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံရှိသည့် ငွေကြေး ထောက်ပံ့မှုအား အာဖရိကသို့ ပေးအပ်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၄ ရက်၌ ဂျိုဟန်နက်စ်ဘာ့ဂ်တွင် ပြုလုပ်သည့် တရုတ်-အာဖရိက ထိပ်သီး အစည်းအဝေး၌ သမ္မတ ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြားလိုက်သည်။

အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံ ငွေကြေး ထောက်ပံ့မှုတွင် ထောက်ပံ့ငွေနှင့် အတိုးမဲ့ေ ချးငွေ အမေရိကန် ဒေါ်လာ ၅ ဘီလီ ယံ၊ အတိုးနှုန်း သက်သာသည့် ချေးငွေနှင့် Export Credit Line ဒေါ်လာ ၃၅ ဘီလီယံ၊ တရုတ်-အာဖရိက ဖွံ့ဖြိုးမှု ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ၊ အာဖရိက အက်စ်အမ်အီး အထူးချေးငွေ အမေရိကန် ဒေါ်လာ ၅ ဘီလီယံနှင့် တရုတ်-အာဖရိက ကုန်ထုတ်လုပ်မှု စွမ်းရည် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ စသည်တို့ ပါဝင်သည်။

ထို့ပြင် လာမည့် သုံးနှစ်အတွင်း တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်အတွက် နယ်ပယ်အစုံမှ ဆောင်ရွက်မည့်အဓိက အစီအစဉ် ၁၀ ခုအားလည်း သမ္မတ ရှီက ကြေညာခဲ့သည်။

ပညာရေး ထောက်ပံ့မှု အစီအစဉ် နှင့် ပတ်သက်၍ အာဖရိကန် ကျွမ်းကျင်ပညာရှင် များ နှင့် အာဖရိကတိုက်သားများအား တရုတ်နိုင်ငံမှ ပညာသင်ကြားပေးမည်ဖြစ်ပြီး ၎င်းတို့ထဲတွင် ဘွဲ့ရ နှင့် အစိုးရ ပညာသင်ဆုများ နှင့် မီဒီယာသမား များ ကိုလည်း သင်တန်း ပေးရန်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။

ထို့ပြင် အယ်လ်နီညို ဒဏ် ခံစားခဲ့ရသည့် အာဖရိက နိုင်ငံများအတွက် အစားအသောက် အကူအညီ ယွမ်ငွေ ၁ ဘီလီယံ ထောက်ပံ့ပေးအပ်မည် ဖြစ်ကြောင်း သမ္မတ ရှီက ကြေညာလိုက်သည်။
တရုတ်- အာဖရိက ဆက်ဆံရေး ပိုမိုကျယ်ပြန့်ပြီး မဟာဗျူဟာမြောက်သည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် အဖြစ် မြှင့်တင်သွားရန် သမ္မတ ရှီက အဆိုပြုထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.