Connect with us

Videos

တရုတ် နိုင်ငံနှင့် ထိုင်း နိုင်ငံ ရထားလမ်း စီမံကိန်း များပူးပေါင်းဆောင်ရွက်မည်

ဘန်ကောက်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့သည် ရထားလမ်း စီမံကိန်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံ အစိုးရ အချင်းချင်း မူဘောင် စာချုပ်အား ဒီဇင်ဘာလ ၃ ရက်က လက်မှတ် ရေးထိုးခဲ့ကြောင်းနှင့် အဆိုပါ စာချုပ်တွင် ရထားလမ်း စီမံကိန်း ရှေ့ဆက် လုပ်ဆောင်နိုင်ရန် အရေးကြီးသည့် အခြေခံ အချက်အလက်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အရှည် ၈၆၇ ကီလိုမီတာ ရှိပြီး အလယ်အလတ် အမြန်နှုန်းရှိသည့် ထိုင်းနိုင်ငံတွင်း နှစ်နိုင်ငံ ပူးပေါင်း ဖောက်လုပ်မည့် ရထားလမ်း စီမံကိန်းဆိုင်ရာ စာချုပ်အား ထိုင်းနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီး အာခွန် တမ်ပစ်တရာပိုင်ဆစ် (Arkhom Termpittayyapaisith ) နှင့် တရုတ် အမျိုးသား တိုးတက် ဖွံ့ဖြိုး ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဝမ်းရှောင်ထောင်း ( Wang Xiaotao) တို့ မှ ကိုးကြိမ်မြောက် တရုတ်-ထိုင်း ရထားလမ်း ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲ ကော်မတီ ဆိုင်ရာ အစည်းအဝေး၌ လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.