Connect with us

Videos

အင်အားပြင်းငလျင်လှုပ်ခတ်ပြီးသည့်နောက် ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်

ရန်ကုန်၊ဧပြီ၁၄ရက်(ဆင်ဟွာ)

၂၀၁၆ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၂၅)မိနစ် (၁၈)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက် မြောက်ဘက် (၁၁၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း စစ်ကိုင်းတိုင်း ကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက်(၄၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားခဲ့သည်။

၎င်းငလျင်ကြီး လှုပ်ခတ်ပြီးသည့်နောက် ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် မန္တလေးမြေငလျင်စခန်းအနောက်မြောက်ဘက် ၁၉၀ မိုင်ခန့်ကွာဝေးသော မော်လိုက်မြို့ အနောက်မြောက်ဘက် ၃၀ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်။

ယမန်နေ့က လှုပ်ခဲ့သည့် ငလျင်ကြောင့် ဘုရားစေတီ အချို့ ထီးတော်ယိုင်ခြင်း၊ စိန်ဖူးတော်မြေခခြင်း၊ ဖောင်းရစ်များ အက်ကွဲခြင်း၊ အဆောက်အဦအချို့ အနည်းငယ်ပျက်စီးခြင်းတို့ ဖြစ်ခဲ့ကြောင်း သိရသည်။
ယခုငလျင်ဘေးအန္တရာယ်သည် ငလျင်ဗဟိုချက်၏ အောက်အနက်သည် ကီလို(၁၃၀)ခန့်တွင်ဖြစ်ပွားခဲ့သည့်အတွက် အင်အားပြင်းထန်သော်လည်း ထိခိုက်ပျက်စီးမှု နည်းပါးခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.