Connect with us

Videos

နံမည်ကျော်ကြားထင်ရှားသည့် ယီချွမ်ဆေးဘဲဥ

ယီချွမ်၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီပြည်နယ်ရှိ ယီချွမ်မြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝဝ ခန့်ကတည်းက နံမည်ကျော်ကြားထင်ရှားခဲ့သည့် ယီချွမ်ဆေးဘဲဥလုပ်ငန်းကို ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးခဲ့ပါသည်။ ယီချွမ်မြို့သည် ကမ္ဘာပေါ်တွင် ဟင်းလက်ရာကောင်းမွန်မှုဖြင့်ကျော်ကြားသည့် မြို့တစ်မြို့လည်းဖြစ်သည်။ နံမည်ကျော်ဆေးဘဲဥများရရှိရန်အတွက် ဘဲဥများကို လက်ဘက်အမဲ၊မဖောက်ထုံးနှင့် ဆားတို့အား ရောပြုတ်ကာ ထိုအရည်များထဲတွင် အချိန် ၅၅ ရက်ခန့်ထားပေးရသည်။ ထိုသို့ပြုတ်နေစဉ်အတွင်းဘဲဥအရောင်မှာ အဖြူရောင်မှ အနီရင့်ရောင်သို့တဖြေးဖြေးပြောင်းလာမည်ဖြစ်သည်။ ၅၅ ရက်ပြည့်ပါက ဘဲဥများကို ရိုးရာအတိုင်း ရွှံ့စေးနှင့်စပါးခွံရောနယ်ထားသည့် အကာဖြင့် မံကာ အခြောက်ခံပြီး အသင့်စားသုံးနိုင်ရန် ရောင်းချခြင်းဖြစ်သည်။ ထိုဆေးဘဲဥများများမှာ အမိုင်နိုအက်ဆစ်ဓါတ်အလွန်ကြွယ်ဝစွာပါဝင်ပြီး တရုတ်ရိုးရာအစားအစာနှစ်သက်သူများအကြိုက်တွေ့သည့်အစားအစာတစ်ခုလဲဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.