Connect with us

Videos

မယ်စကြာဝဠာ(မြန်မာ) အလှမယ် အဖြစ် ဇွန်သံစဉ် အားရွေးချယ်

ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

နိုင်ငံတကာ မယ်စကြာဝဠာ ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ရွေးချယ်သည့် မယ်စကြာဝဠာ(မြန်မာ) ၂၀၁၇ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အလှမယ် ၂၆ ဦး အနက် မယ်စကြာဝဠာ(မြန်မာ) သရဖူအား အလှမယ် ဇွန်သံစဉ်က ရရှိခဲ့သည်။

မယ်စကြာဝဠာ(မြန်မာ) ၂၀၁၇ သရဖူဆုရှင် အလှမယ် ဇွန်သံစဉ် သည် ပြိုင်ပွဲတွင် Title ဆုများ ဖြစ်သည့် Miss Healthy Skin နှင့် Miss Famous ဆုများကိုလည်း ရရှိခဲ့သည်။

မယ်စကြာဝဠာ(မြန်မာ) ၂၀၁၇ နောက်ဆုံး ဆန်ကာတင် အလှမယ်ပြိုင်ပွဲအား ယနေ့ အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြိုင်ပွဲတွင် 1st RunnerUp သရဖူဆုအား အလှမယ် ရွှေအိမ်စည် ကလည်းကောင်း ၊ 2nd RunnerUp သရဖူဆုကို အလှမယ် Tsap Ja Dim Kai ကလည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲ ကျင်းပခဲ့ရာတွင် ပြိုင်ပွဲဝင် အလှမယ် ၂၆ ဦးမှ ရေကူး ဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်း ၊ အလှမယ် ၂၆ ဦးအနက် ဆန်ကာတင် ၁၂ ဦးကို ရွေးချယ်ခြင်း ၊ ညနေခင်း ဝတ်စုံနှင့် လမ်းလျှောက်ခြင်း၊ Title ဆုရွေးချယ်ခြင်း ၊ ဆန်ကာတင် ၅ ဦး ထပ်မံ ရွေးချယ်ခြင်းနှင့် နောက်ဆုံး အဆင့် ဆုရွေးချယ်ခြင်းများ ပြုလုပ်ခဲ့သည်။

မယ်စကြာဝဠာ(မြန်မာ) သရဖူ ရရှိခဲ့သူူ အလှမယ်သည် ၂ဝ၁၇ ခုနှစ် အတွက် နိုင်ငံတကာ အလှမယ်များ နှင့် ယှဉ်ပြိုင်ရန် Miss Universe ပြိုင်ပွဲကြီးသို့ဝင်ရောက်ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

မယ်စကြာဝဠာ(မြန်မာ) အလှမယ် သရဖူ ဆုရှင် အား ကျပ်သိန်း ၁၀၀ ၊ 1st RunnerUp သရဖူဆုရှင်အား ကျပ်သိန်း ၅၀ နှင့် 2nd RunnerUp သရဖူဆုရှင်အား ကျပ်သိန်း ၂၅ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ၏ မြို့ကြီး ၁၉ မြို့မှ ရွေးချယ်ခဲ့သည့် အလှမယ် ၁၉ ဦး နှင့် ရန်ကုန်မြို့တွင် လူတွေ့ စစ်ဆေး ရွေးချယ်ခဲ့သည့် ဆန်ခါတင် အလှမယ် ၇ ဦး စုစုပေါင်း ၂၆ ဦးအား ရွေးချယ်ခဲ့ပြီး နောက်ဆုံး ဆန်ခါတင် အလှမယ်များအဖြစ် Miss Universe Myanmar သရဖူဆု ၊ 1st RunnerUp သရဖူဆု နှင့် 2nd RunnerUp သရဖူဆု တို့အပါအဝင် Title ဆုများကိုလည်း ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.