Connect with us

Videos

မိလ္လာမှ လျှပ်စစ်ထုတ်ခြင်း

ဟေဖေ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟေဖေမြို့တွင် မိလ္လာမှ တစ်ဆင့် လျှပ်စစ်ထုတ်လုပ်ခြင်းနည်းစနစ်ကို အသုံးပြုလျက်ရှိပြီဖြစ်သည်။

ဟေဖေမြို့ရှိ မိလ္လာကန်ကြီးများပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကိုတပ်ဆင်ထားပြီး နှစ်စဉ် လျှပ်စစ်ကီလိုဝပ်ပေါင်း ၁၂ သန်းကို ထုတ်လုပ်ခြင်းဖြစ်သည်။ ထိုသို့လျှပ်စစ်ထုတ်လုပ်ခြင်းကြောင့် နှစ်စဉ်ကျောက်မီးသွေးတန်ချိန်ပေါင်း ၄ ထောင်ခန့်ကို ခြွေတာရာ ရောက်သည့်အပြင် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ၁၂ဝဝဝ တန်ခန့်ကိုလည်း လျှော့ချနိုင်မည် ဖြစ်သည်။

ထို့အပြင် ဆိုလာပြားများမှာ မိလ္လာများမှ တစ်ဆင့်မှိုပွားခြင်းကိုလည်းဟန့်တားပေးနိုင်သောကြောင့် မိလ္လာမှ လျှပ်စစ်ထုတ်ယူနည်းကို ပိုမိုတိုးချဲ့ဆောင်ရွက် လျက်ရှိကြပြီဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.