Connect with us

Videos

မိုးမျှော်တိုက်ကြီးများ ဆောက်လုပ်သည့် စက်ယန္တရားကြီးများ

ချုံချင့်၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) 

မိုးမျှော်တိုက်ကြီးများ၌ လူနေအထပ်မြင့်အဆောက်အအုံ ဆောက်လုပ်သော စက်ယန္တရားကြီးများကို တရုတ်နိုင်ငံ ချုံချင့်မြို့တွင် အသုံးပြုလျက်ရှိပြီဖြစ်သည်။

၎င်းစက်ယန္တရားကြီးကို တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်း Third Engineering Bureau က ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆောက်အအုံများကို အပေါ်သို့မြှင့်ကာ တည်ဆောက်ရာတွင် ဆောက်လုပ်ရေးလုပ်သားများအတွက် အလုပ်လုပ်ရန်နေရာကို ယန္တရားကြီးက ပံ့ပိုးပေးခြင်းဖြစ်သည်။ စက်ယန္တရားကြီးဖြင့် မိနစ် ၈၀ မှ ၉၀ အတွင်း အဆောက်အဦ၏ နောက်တစ်ထပ်သို့အလိုအလျောက်မြှင့်တင်ပေးနိုင်သည်။

အထပ်တစ်ထပ် ဆောက်လုပ်ရန် အချိန် ၃ ရက်အတွင်းလျင်မြန်စွာ ပြီးစီးနိုင်သည်။

အဆောက်အဦဆောက်လုပ်နေစဉ်အတွင်းမိုးရွာသွန်းပါက မိုးကာများပွင့်လာစေရန် စီမံထားသည့်အပြင် ပူပြင်းလှသည့် အပူချိန်တွင် အလုပ်သမားများအေးမြ နေစေရန်အတွက် ရေမှုန်ဖျန်းပေးသည့် စနစ်ကိုပါ ထည့်သွင်းပေးထားသည်။

၎င်းတွင်တပ်ဆင်ထားသည့် ဆင်ဆာများက ထိန်းချုပ်ခန်းနှင့်တိုက်ရိုက်ချိတ်ဆက်ပြီး အပြစ်အနာအဆာများကိုစစ်ဆေးပေးသည်။

ယခင်က တရုတ်နိုင်ငံ၏ မိုးမျှော်တိုက်ဆောက်လုပ်ရေးယန္တရားကြီးများကို မီတာ ၃၀၀ ကျော်မြင့်မားသည့် မြို့၏ အထင်ကရအဆောက်အဦများကိုဆောက်လုပ်ရာတွင် အသုံးပြုခဲ့သည်။ ယခုအသုံးပြုသည့် စက်ယန္တရားကြီးများ မှာ တရုတ်နိုင်ငံတွင် လူနေအထပ်မြင့်အဆောက်အဦများကိုဆောက်လုပ်ရန် ပထမဆုံးအသုံးပြု သည့် ယန္တရားအမျိုးအစားဖြစ်သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.