Connect with us

Videos

မြန်မာ အဆောက်အဦတွင်းကွန်ရက်များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆွေးနွေးပွဲ ၂၀၁၉ ကို ကျင်းပ

ရန်ကုန် ၊ မေ ၂၅ ရက်(ဆင်ဟွာ)

Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ လက်တွဲ၍ ပွင့်လင်းမြင်သာစွာပူးပေါင်းကာ အပြန်အလှန် အကျိုးပြုနိုင်သည့် ဂေဟစနစ်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံအဆောက်အဦတွင်း ကွန်ရက်များဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆွေးနွေးပွဲ ၂၀၁၉ ကို မေလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman က 5G ခေတ်ရောက်သည့်အခါ ကောင်းကျိုးများစွာ ရှိပြီး လူသိများလာသည့် အဆောက်အဦတွင်း ကွန်ရက်များက တန်ဖိုးမြင့်မိုဘိုင်းကွန်ယက်များ လုပ်ငန်း လုပ်ဆောင်ရာ တွင် အဓိကအရေးကြီးသည့် နေရာမှပါဝင်လာ မည် ဖြစ်ကြောင်း ၊ ဒီဆွေးနွေးပွဲကတဆင့် Hawei အနေနဲ့ မြန်မာပြည်သူတွေရဲ့နေ့စဉ်ဘဝ လူနေမှုအဆင့်တိုးတက်လာစေဖို့နဲ့ ဒစ်ဂျစ်တယ်မြန်မာနိုင်ငံတည်ထောင်မည့် ကတိကဝတ် ကို ဖော်ပြနေတာပါ။” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့် က ” မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်အနေနဲ့ Huawei နဲ့ ပူးပေါင်းပြီး အဆောက်အဦတွင်း ကွန်ရက်တွေဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး နဲ့ မြန်မာ ICS/FTTX နယ်ပယ်အတွက် စံနှုန်းသတ်မှတ်မှုတွေကို မြှင့်တင်လိုကြောင်း၊ ဆွေးနွေးပွဲတွင် လက်တွေ့ဘဝ၌ အမှတ်တကယ် အကျိုးရှိစေတဲ့ နည်းပညာအခြေခံအဆောက်အဦနဲ့ ပတ်သက်တဲ့ခေါင်းစဉ်တွေ၊ လက်ရှိ အသုံးပြုနေတဲ့ လုပ်ငန်းတွေနဲ့ ကောင်းမွန်တဲ့ solution ကို ရှာဖွေနိုင်မယ့်ခေါင်းစဉ်တွေ ပါဝင်တာကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။” ဟု ပြောကြားသည်။

ဆွေးနွေးပွဲတွင် အစိုးရဌာနများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ နယ်ပယ်တွင်း လေ့ လာစမ်းစစ်သူများ နှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြကာ အတွေးအမြင်များ ဖလှယ်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.