Connect with us

Videos

မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်

ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

“မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်” ဟု ဆိုသကဲ့သို့ တန်ဆောင်မုန်းလတွင် ထင်ရှားသော ပွဲတော် တစ်ခု ဖြစ်သည့် ကထိန်ပွဲခင်းခြင်း(ဝါ) ကထိန် သင်္ကန်း ကပ်လှူသည့် ကထိန်ပွဲများအား နိုင်ငံ အနှံ ၊ မြို့အနှံ ခြိမ့်ခြိမ့်သဲ စည်ကားစွာ ကျင်းပ ဆင်နွှဲကြသည်ကို မြင်တွေ့ရပါသည်။

ကထိန်ပွဲ ပြုလုပ်ခြင်းကို ကထိန်ခင်းသည် ဟု ဆိုကြပြီး သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်နေ့ အထိ သတ်မှတ်သော ကာလဒါန ဖြစ်ပြီး ကထိန်သင်္ကန်း အလှူဒါနများအား ပြုလုပ်ကြသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့သည် “ဘုရားမှာ စိန် ၊ ကျောင်းမှာ သိမ် ၊ သင်္ကန်းမှာ ကထိန်”ဟူ၍ ဆိုရိုးပြုကာ ၊ “ ကထိန်သင်္ကန်း ကပ်လှူခြင်း”ကို အထွဋ်အမြတ် ထားလေ့ ရှိကြပြီး “ကထိန်” ဟူသော ဝေါဟာရသည် ပါဠိဘာသာ စကား“ကထိန” မှ ဆင်းသက်လာပြီး “မြဲမြံခိုင်ခန့်ခြင်း” ဟူသော အနက်ရှိသည်။

ထို့အတူ တန်ဆောင်မုန်းလတွင် မသိုးသင်္ကန်း ကထိန်ခင်းခြင်းနှင့် အတူ မသိုးသင်္ကန်း ရက်လုပ်၍ လှူသော အလှူပွဲကို အထင်ကရ စေတီတော်ကြီးများတွင် မသိုးသင်္ကန်းယက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ကာ ၊ ရရှိလာသော သင်္ကန်းတော်ဖြင့် စေတီတော်မှရုပ်ပွားတော်မြတ် ဗုဒ္ဓဘုရားရှင်အား နေ့မကူးမီ ပူဇော် လှူဒါန်းလေ့ရှိကြသည်။

တန်ဆောင်မုန်းလပြည့်နေ့ မှ နောက်တစ်ရက်မကူးမီအချိန်ထိ ယက်လုပ်ချုပ်ငင်ရသော သင်္ကန်းကို “မသိုးသင်္ကန်း”ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

တန်ဆောင်မုန်းလသည် မြန်မာ(၁၂)လရာသီတွင် ၈ လ မြောက်(အဋ္ဌမမြောက် လ)ဖြစ်ပြီး တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်း ဖြစ်သည်။ တန်ဆောင်မုန်းလအား မိုးတွင်းကာလ ကုန်ဆုံးသည့်အချိန် ဖြစ်၍ “မိုးလအဆုံး-တန်ဆောင်မုန်း”ဟူ၍ ဆိုလေ့ရှိကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.