Connect with us

Videos

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ၏ လေးသန်းမြောက်ခရီးသည် အား ဂုဏ်ပြု

ရန်ကုန် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

သြဂုတ်လ ၂၈ ရက် က China Eastern Airlines လေယာဉ် အမှတ်စဉ် MU 2031 ဖြင့် တရုတ် နိုင်ငံ ကူမင်း မြို့ မှ ရန်ကုန် မြို့ သို့ ပြန်လည် ရောက်ရှိလာသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေးသန်းမြောက် ခရီးသည်ကို လေဆိပ် Terminal 1 ၌ အခမ်းအနား ဖြင့် ကြိုဆိုခဲ့ပြီး ဂုဏ်ပြုအမှတ်တရ ဆုများ ပေးအပ် ခဲ့သည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၏ လေးသန်းမြောက် ခရီးသည် အဖြစ် ဒေါ်ခင်ဖူးသစ် ဆိုသူက ရွေးချယ် ခံခဲ့ရပြီး Yangon Aerodrome Company Limited (YACL) မှ ဂုဏ်ပြုဆုငွေ ကျပ် တစ်သန်း နှင့် ကျပ် တစ်သန်း တန်ဖိုးရှိသည့် အမှတ်တရ လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့သည်။

Yangon Aerodrome Company Limited (YACL) ၏ Chief Operating Officer က China Eastern Airlines ကဲ့သို့သော မိတ်ဖက် လေကြောင်း လိုင်း များ နှင့် လက်တွဲ၍ ခရီးသည် များအား အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်နေကြောင်းပြောကြားခဲ့ပြီး China Eastern Airlines ရန်ကုန် ရုံးခွဲ အထွေထွေ မန်နေဂျာ ကအနေဖြင့် မြန်မာ နိုင်ငံ သို့ လာရောက်သည့် ခရီးသည်များ အပေါ် ပိုမို အရည်အသွေး မြင့်မားသည့် ဝန်ဆောင်မှု များ ဆောင်ရွက်ပေးသွားလိုကြောင်းပြောကြားခဲ့သည်။

ဒေါ်ခင်ဖူးသစ် က ၎င်းအနေဖြင့် ယခု ကဲ့သို့ ကံထူးရှင် အဖြစ် ရွေးချယ် ခံခဲ့ရသည့် အတွက် လွန်စွာ အံ့သြဝမ်းမြောက် မိကြောင်း ပြောကြား ခဲ့သည်။

လက်ရှိအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေဖြင့် ပြည်တွင်းလေကြောင်းလိုင်း ၈ လိုင်း နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၂၈ လိုင်းအား ဝန်ဆောင်မှုပေးနေကြောင်း ၊ နှစ်စဉ် ခရီးသည် သန်း ၂၀ အား ဝန်ဆောင်မှု ပေးနိုင်ရန် မျှော်မှန်း၍ တည်ဆောက်ထားသည့် အရည်အသွေးပြည့်ဝသော လေဆိပ် တစ်ခု ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.