Connect with us

Videos

လက်တစ်ဖက်တည်းရှိသော တရုတ်ဆယ်ကျော်သက်ကောင်လေး၏ ဘတ်စကတ်ဘောစွမ်းရည်

ကွမ်တုန်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လက်တစ်ဖက်တည်းရှိသော အသက်(၁၃)နှစ်အရွယ် ကျန်းကျားချန်သည် သူ၏ အံ့မခန်း ဘတ်စကတ်ဘောစွမ်းရည်ကြောင့် အင်တာနက်တွင် လူအများအပြား စိတ်ဝင်စားမှုရရှိခဲ့သည်။တရုတ်နိုင်ငံ တောင်ပိုင်းကွမ်တုန်း ပြည်နယ်တွင် မွေးဖွားခဲ့သော ကျန်းသည် ငါးနှစ်အရွယ်တွင် မတော်တဆမှုတစ်ခုကြောင့်

သူ၏ ညာလက်တစ်ဖက်ဆုံးရှုံးခဲ့သည်။ သို့သော်လည်း ကျန်းသည် ဘယ်တော့မှ ဘဝကိုအရှုံးမပေးဘဲ ဘတ်စကတ်ဘောကို ချစ်စိတ်နှင့် စိတ်အား ထက်သန်မှု ကြီးသူဖြစ်သည်။

ကျန်းသည် အနာဂတ်မှာ ဘတ်စကတ်ဘောကို ကျွမ်းကျင်စွာ ကစားနိုင်သောကစားသမားတစ်ဦးဖြစ်ချင်သူ တစ်ဦးဖြစ်သည်။သူ၏ ဘတ်စကတ်ဘောကျွမ်းကျင်မှုကြောင့် NBA ဘတ်စကတ်ဘောကြယ်ပွင့် Stephen Curry အပါအဝင် လူအများ၏ ချီးကျူးမှုရရှိခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.