Connect with us

Videos

လေ့ကျင့်ထားသောသိမ်းငှက်များ နှင့် အမဲလိုက်ခြင်းရှေးဟောင်းအတတ်ပညာ

ရှင်းကျန်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Akqi ကောင်တီတွင် သိမ်းငှက်များအား မွေးမြူခြင်းနှင့်လေ့ကျင့်ခြင်းအတတ်ပညာကို မျိုးဆက်သစ်များအတွက် Kirgiz မျိုးနွယ်စု တိရစ္ဆာန် ထိန်းကျောင်းသူများ က ဆက်လက် လက်ဆင့်ကမ်းပေးလျက်ရှိသည်။ သိမ်းငှက်များ၏နယ်မြေဟု လူသိများသည့် Akqi ကောင်တီက တောင်ပိုင်း ထျန်းရှန်းတောင်တန်းများ၏ ကုန်းတွင်းပိုင်းဒေသတွင်တည်ရှိသည်။ 

ထိုဒေသရှိ ဒေသခံများဖြစ်သည့် Kirgiz မျိုးနွယ်စုများသည် ၎င်းတို့၏ဘိုးဘေးများထံမှ သိမ်းငှက်များအား မွေးမြူလေ့ကျင့်ကာ အမဲလိုက်ခြင်း  အတတ်ပညာ အထူးစွမ်းရည်များကိုအမွေဆက်ခံခဲ့ကြပြီး သိမ်းငှက်များအား မွေးမြူလေ့ကျင့်ကာ အမဲလိုက်ခြင်း ရှေးဟောင်း ရိုးရာအတတ်ပညာကိုဆက်လက်ကျင့်သုံးခဲ့ကြသည်။

သိမ်းငှက်အရိုင်းတစ်ကောင်အား အမဲလိုက်အရည်အချင်းများပြည့်စုံရန်အတွက် နှစ်နှစ်ခန့်လေ့ကျင့်ပေးရန် လိုအပ်သည်။ 

လေ့ကျင့်ထားသော သိမ်းငှက်များသည် လူများနှင့် ယဉ်ပါးလာပြီး ၎င်းတို့၏ ခံစားချက်များ ကိုပင် ၎င်းတို့အားလေ့ကျင့်ပေးသူများနှင့် ဆက်သွယ်ဖော်ပြလာနိုင်သည်။

သိမ်းငှက်များအား လေ့ကျင့်သင်ကြားအမဲလိုက်သူ Kurmax Hutman က “သိမ်းငှက်များအား လေ့ကျင့်သင်ကြားပြီး အမဲလိုက်တဲ့ အတတ်ပညာဟာ ဒဏ္ဍာရီသူရဲကောင်း Manas ရဲ့ခေတ်ထဲက ရှိခဲ့တဲ့ ရှေးဟောင်းပညာရပ်ပါ။ အဲ့ဒီအချိန်ကတည်းကစပြီး ဒီပညာရပ်ဟာ Kirgiz လူမျိုးတို့ရဲ့ အမျိုးသားယဉ်ကျေးမှု အစိတ်အပိုင်းတစ်ရပ်ဖြစ်လာခဲ့ပါတယ်’’ ဟုပြောသည်။ 

သို့သော်သက်ဆိုင်ရာဥပဒေများနှင့်တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာစည်းမျဉ်းများ ပြဌာန်းခြင်းကြောင့် သိမ်းငှက်များဖြင့် ဒေသတွင်းတွင် အမဲလိုက်ခြင်းကိုတားမြစ်ထားသည်။

Kirgiz ဓလေ့ထုံးစံအရ သိမ်းငှက်များသည် လေ့ကျင့်သင်ကြားမှုများပြုလုပ်ပြီး  ၅ နှစ်အကြာတွင် ၎င်းတို့နေရပ်သို့ ပြန်လည်ထွက်ခွါကြောင်း သိရသည်။

Kurmax သည် သိမ်းငှက်များအား လေ့ကျင့်သင်ကြား ဘအမဲလိုက်သူနောက်ဆုံးမျိုးဆက် ဖြစ်လာမည်လော ဆိုသည် ကို အချိန်ကပြောပြသွားပါလိမ့်မည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.