Connect with us

Videos

သမ္မတ ရှီကျင့်ဖိန် က ဟောင်ကောင်အား ထောက်ပံ့မှုများ အဆက်မပြတ်ပြုလုပ်သွားမည်ဟု ကတိပြုပြောကြား

ဟောင်ကောင်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဗဟိုအစိုးရသည် ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ စီးပွားရေး တိုးတက်မှု နှင့် ပြည်သူများ၏ဘဝ သာယာဝပြောရေး အတွက် အမြဲတမ်း ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၉ ရက် က ပြောကြားခဲ့သည်။

ရှီက HKSAR စတင်တည်ထောင်စဉ်ကတည်းက စ၍ နှစ်ပေါင်း ၂၀ကျော် အတွင်း ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့မှုအပေါ် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး HKSAR အနေဖြင့် ဂုဏ်ယူဖွယ်ကာလသစ်များ ဖန်တီးရန်အတွက်လည်း တိုက်တွန်းအားပေးခဲ့သည်။

၎င်းက ဗဟိုအစိုးရသည် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ဟောင်ကောင် အား ကောင်းစွာ ထောက်ပံ့မှုများပေးခဲ့ပြီး HKSAR ၏ စီးပွားရေး တိုးတက်မှု နှင့် ပြည်သူများ ဘဝ သာယာဝပြောရေး အတွက်ကိုလည်း အမြဲတစေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီ က ၎င်းသည် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၏ ထူးခြားသော နှစ် ၂၀ကြာ ခရီးလမ်းကို ပြန်လည်သုံးသပ်ရန် ဟောင်ကောင်ရှိ အလွှာအသီးသီးမှ ပြည်သူများ နှင့် ထိတွေ့ဆက်ဆံသွားမည် ဖြစ်ကြောင်း၊ ယင်းအတွေ့အကြုံ ကို ခြုံငုံသုံးသပ်၍ အနာဂတ်အစီအစဉ် ရေးဆွဲကာ “တစ်နိုင်ငံ၊ စနစ်နှစ်ခု” မူဝါဒ ချောမွေ့စွာ ရေရှည်အောင်မြင်မှုရရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.