Connect with us

Videos

အပြောင်းအလဲကာလအတွက် အရေးကြီးသော ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအားလုံး မဲပေးကြရန် နိုင်ငံတော်သမ္မတ အလေးအနက်တိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

နိုဝင်ဘာလ (၈) ရက်နေ့ မှာ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်မြှင့် ရှေ့ဆက်နိုင်ရန် အတွက် အရေးကြီးသော သမိုင်းဝင် ခြေလှမ်း တစ်ခုကြောင်း၊ ယခု အပြောင်းအလဲကာလအတွက် အရေးကြီးသည့် ရွေးကောက်ပွဲမျိုးတွင် မဲဆန္ဒရှင် ပြည်သူများ အားလုံး မဲပေးကြရန် မိမိ အနေနှင့် အလေးအနက် တိုက်တွန်းလိုကြောင်း သမ္မတ ဦးသိန်းစိန်က ၎င်း၏မိန့်ခွန်းတွင် တိုက်တွန်းပြောကြားလိုက်သည်။

အထွေထွေ ရွေးကောက်ပွဲ အကြို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ (၆)ရက်နေ့ ညပိုင်းတွင် ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၏ ရလဒ်ကို လက်ရှိ အစိုးရနှင့် တပ်မတော်သည် လေးစား လိုက်နာပြီး ရွေးကောက်ပွဲ ရလဒ်များနှင့် အညီ နိုင်ငံရေး အခင်းအကျင်းသစ်ကို အတူလက်တွဲ ပုံဖော်ဖန်တီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ၂ဝ၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ရလဒ်များ နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့သစ်ကို လက်ရှိ အစိုးရအနေဖြင့် လက်ခံသွားမည် ဖြစ်ကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲဆန္ဒရှင် ပြည်သူများ ရွေးချယ် တင်မြှောက်လိုက် သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များသည် အစိုးရအဖွဲ့ကို ဦးဆောင်မည့် သမ္မတလောင်း များ ကို ပြည်သူလူထု ကိုယ်စား ဆက်လက် မဲပေးရွေးချယ် သွားမည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။

ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ် အေးချမ်းမှု ရှိစေရန်အတွက် နိုင်ငံရေး အင်အားစု များမှ ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကာ အဆိုပါ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများ ကလည်း ကြားကာလ တည်ငြိမ်အေးချမ်းမှု နှင့် နိုင်ငံရေး အခင်းအကျင်းသစ်ကို ချောမွေ့ ညင်သာစွာ အသွင်ကူး ပြောင်းစေရန် များစွာ အထောက် အကူပြုမည်ဖြစ်ကြောင်း သမ္မတက ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.