Connect with us

Videos

အမျိုးသား ပို့ကုန် မဟာဗျူဟာဆိုင်ရာဆွေးနွေးညှိနှိုင်းမှုပြုလုပ်

ရန်ကုန်၊ မတ် ၁၅ ရက်(ဆင်ဟွာ)

အမျိုးသားပို့ကုန် မဟာဗျူဟာ ပထမ အကြိမ် Stakeholders’ Symposium (၂၀၂၀ -၂၀၂၅) အခမ်းအနား နှင့် e-Commerce Payment Platforms for Digital Economy ဆွေးနွေးပွဲအား ယနေ့မတ် ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပ ပြုလုပ်ခဲ့သည်။အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေက “အမျိုးသား ပို့ကုန် မဟာဗျူဟာက မြန်မာနိုင်ငံကို ကမ္ဘာ့ ဈေးကွက်မှာ ထွန်းသစ်စ နိုင်ငံ အဖြစ် ဝင်ရောက် နိုင်အောင် စွမ်းဆောင်ရည် မြင့်တင်ပေးဖို့အတွက် အမှန်တကယ် လိုအပ်တဲ့ ကဏ္ဍ တစ်ရပ် ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က အမျိုးသား ပို့ကုန် မဟာဗျူဟာ(၂၀၂၀ – ၂၀၂၅)အား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၏ အစ ကနဦး ဖြစ်သည့် Stakeholders’ Symposium တွင် အားလုံး၏ သဘောဆန္ဒ ရယူပြီး ပို့ကုန် ဖွံ့ဖြိုး တိုးတက်ရေး နှင့် အတူ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင်ပါ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး တို့ကို ဦးတည် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအခါ ဒီဂျစ်တယ် စီးပွားရေး ကဏ္ဍသည် အမျိုးသား ပို့ကုန် မဟာဗျူဟာ(၂၀၂၀ – ၂၀၂၅) တွင် ကဏ္ဍသစ် တစ်ရပ် အနေဖြင့် ထည့်သွင်း ထားသည့် အတွက် လုပ်ငန်း စီမံချက်များ ချမှတ်ပြီး စနစ်တကျ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။e-Commerce Payment Platforms for Digital Economy ဆွေးနွေးပွဲအား နိုင်ငံတကာတွင် ဆောင်ရွက် နေသည့် e-Commerce Payment Platform အား လေ့လာနိုင်ရန်နှင့် ပြည်တွင်းရှိ ငွေပေးချေမှုဆိုင်ရာ စနစ်များကို အများပြည်သူတို့ သိရှိနားလည်စေရန် ရည်ရွယ်ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.