Connect with us

Videos

အရေးပေါ်ကိစ္စရပ်များကိုင်တွယ်ဖြေရှင်းရန် တရုတ်အထူးရဲတပ်ဖွဲ့လေ့ကျင့်

ရှန်တုံ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှန်တုံပြည်နယ် ယန်တိုင်းရှိ တောင်တန်းဒေသတွင် တရုတ်အထူးရဲတပ်ဖွဲ့များ က အရေးပေါ်ကိစ္စရပ်များကိုင်တွယ်ဖြေရှင်းရန် လေ့ကျင့်မှုတစ်ရပ်ကိုဆောင်ရွက်ခဲ့ကြသည်။ ထိုစစ်ရေးလေ့ကျင့်မှုတွင် Drone များကိုပါအသုံးပြုထားကာ စစ်ဆင်ရေးပြုလုပ်ရန်လိုအပ်သည့်နေရာများကို လျှင်မြန်စွာထောက်လှမ်း နိုင်ရန် စီစဉ်ထားသည်။ ပြင်းထန်သည့် ရာသီဥတုအတွင်း သေနတ်ပစ်လေ့ကျင့်ခန်း ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။ ၎င်းမှာ အထူးရဲတပ်ဖွဲ့အတွက် စစ်ဆေးချက်တစ်ခုလည်းဖြစ်သည်။ ဆောင်းတွင်းနှင်းများကျဆင်းနေသည့်ကြားထဲတွင် မြင်ကွင်းများကောင်းမွန်မှုရှိမရှိ၊ ဖြောင့်ဖြူးချောမွေ့သည့်လမ်းကြောင်းတစ်လျှောက် drone များကို ကောင်းမွန်စွာထိန်းချုပ်အသုံးပြုနိုင်မှုရှိမရှိနှင့် အရေးအကြီးဆုံးမှာ နှင်းများကြားထဲတွင် ကျည်ဆံပစ်သည့်အခါ ပစ်ကွင်းမှန်ရောက်နိုင်မှုရှိမရှိကို လေ့ကျင့်စစ်ဆေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.