Connect with us

Videos

အာဇာနည်ဗိမာန်၌ ကျင်းပသည့် ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တက်ရောက် အလေးပြု (ရုပ်သံ)

ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြောင်း သိရသည်။ယခုနှစ် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် အစိုးရအဖွဲ့အကြီးအကဲတစ်ဦးအနေဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥက္ကဌများ ၊ နိုင်ငံတော်တရားသူကြီးချုပ် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့လည်း အတူတကွ တက်ရောက်အလေးပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် အာဇာနည်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်တစ်ဦးအနေဖြင့် တက်ရောက်ခဲ့ပြီး အခြားသော အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များသည်လည်း လွမ်းသူ့ပန်းခွေချအလေးပြုအခမ်းအနားသို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

၇၃ နှစ်မြောက် အာဇာနည်နေ့သည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကာလဖြစ်သည့်အတွက် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ အတွင်းဝန်ရုံး အပါအဝင် တိုင်းပြုပြည်ပြု လွှတ်တော် ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့ကို အများပြည်သူများအား ဝင်ရောက်ကြည့်ရှုခွင့်မပြုဘဲ အွန်လိုင်းမှတစ်ဆင့်သာ ဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့ကြောင်း သိရသည်။သို့သော် အများပြည်သူများအား အာဇာနည်ဗိမာန်သို့ ဝင်ရောက်အလေးပြုခွင့်ကို COVID-19 ကြိုတင်ကာကွယ်ရေးအစီအစဉ်များသော တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်း ၊ ကိုယ်အပူချိန်တိုင်းခြင်း နှင့် နှာခေါင်းစည်းများတပ်ဆင်ခြင်းတို့ဖြင့် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.