Connect with us

Videos

အီဂျစ်နိုင်ငံက ကမ္ဘာ့ဒုတိယအမြန်ဆုံးပြန်လည်တိုးတက်လာသည့်ခရီးသွားဈေးကွက်ဖြစ်လာ

အီဂျစ်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့ကြီး၏ သတင်းထုတ်ပြန်ချက်အရ အီဂျစ်နိုင်ငံသည် ၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာ့ဒုတိယအမြန်ဆုံးပြန်လည်တိုးတက်လာသည့်ခရီးသွားဈေးကွက်ဖြစ်လာသည်ဟုဆိုသည်။ ၂ဝ၁၅ ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့မှ အီဂျစ်နိုင်ငံသို့ လေယာဉ်ခရီးစဉ်များ ပိတ်သိမ်း ခဲ့သော်လည်း ကမ္ဘာတစ်ဝန်းရှိ ခရီးသည်များလာရောက်လည်ပတ်မှုနှုန်းမှာ ၅၁ ရာခိုင်နှုန်းခန့်အထိ သိသိသာသာတိုးတက်လာခဲ့သည်။ သို့ရာတွင် အီဂျစ်နိုင်ငံသို့နိုင်ငံခြားသားဧည့်သည်များ လာရောက် လည်ပတ်မှုအရေအတွက်မှာ ၂ဝ၁ဝ ခုနှစ်ကထက် နိမ့်ကျနေဆဲပင်ဖြစ်ကြောင်းအဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီဂျစ်နိုင်ငံ၏ ဝင်ငွေနှင့် နိုင်ငံခြားငွေရရှိမှုအတွက်အဓိကကျသည့် ခရီးသွားလုပ်ငန်းသည် ၂၀၁၁ ခုနှစ်တွင်အီဂျစ်နိုင်ငံ၏နိုင်ငံရေးမတည်ငြိမ်မှုမှစ၍ထိခိုက်မှုရှိခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် ခရီးသည်ပေါင်း ၂၂၄ ဦးပါဝင်သည့် ရုရှားခရီးသည်တင်လေယာဉ် ဆိုင်းနိုင်း တွင် ပျက်ကျခဲ့ရာအကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ဟုသတ်မှတ်ခဲ့သည်။ထို့နောက်ပိုင်းအီဂျစ်၏ခရီးသွားလုပ်ငန်း ကျဆင်းခဲ့ရာမှယခုပြန်လည် တိုးတက်လာခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.