Connect with us

Videos

အော်တဇင်ရောဂါဝေဒနာခံစားနေရသူ ကလေးငယ်များအတွက် အသိဉာဏ်တု စက်ရုပ်များက ကူညီ

ဟောင်ကောင်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံထုတ် လူတူစက်ရုပ်များသည် အော်တဇင်ဝေဒနာအစပျိုးလူနာကလေးငယ် ၂၈ ဦးတို့ကို အမူအရာ ၈ မျိုးက တစ်ဆင့် ပိုမိုကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်ရန် ကုသပေးနိုင်ကြောင်း သိရသည်။ ဟောင်ကောင်တက္ကသိုလ် ရှိ စိတ်ပညာဋ္ဌာန မှ လက်ထောက်ပါမောက္ခ ဆိုဝင်ချီ နှင့်အဖွဲ့က ပြင်သစ်နိုင်ငံအခြေစိုက် Aldebaran စက်ရုပ်ထုတ်လုပ်ရေး က NAO စက်ရုပ်များကို အသုံးပြု၍ ကမ္ဘာပေါ်တွင် ပထမဆုံးအဖြစ် စက်ရုပ်များ နှင့် အော်တဇင်ကလေးငယ်များကို ကုသပေးခြင်းဖြစ်သည်။
ဆန်နီ၊ မီရာ နှင့် ကီရာ ဟုအမည်ရသည့် စက်ရုပ် ၃ ရုပ်မှာ အော်တဇင်ရောဂါဝေဒနာသည်ကလေးငယ်များကို ၎င်းတို့ အသီးသီး၏ လိုအပ်ချက်များ၊ ခံစားချက်များအတိုင်း အမူအကျင့် ၈ မျိုးကို အသုံးပြု၍ ကုသပေးသည်။
လက်ထောက်ပါမောက္ခ ဆိုဝင်ချီ က ပြောကြားရာတွင် မျက်နှာအသွင်အပြင် ခံစားမှုပြအမူအရာ စသဖြင့် လူ့သဘာဝမှာ ရှုပ်ထွေးကြောင်း၊ ထိုရှုပ်ထွေးမှုများက အော်တဇင်ကလေးငယ်များအတွက်ဒုက္ခဖြစ်စေကြောင်း၊ စက်ရုပ်များမှာမူ လူသားများထက် ရိုးရှင်းသောကြောင့် ပိုမို ကုသရလွယ်ကူစေကြောင်းဆိုသည်။
အော်တဇင်ရောဂါဝေဒနာကို ဟောင်ကောင်တွင် ကျောင်းနေအရွယ် ကလေးငယ် နှင့် အရွယ်ရောက်ပြီးကလေးငယ် ၁၃ ရာခိုင်နှှုန်းခန့်က ခံစားလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.