Connect with us

Videos

၂၀၁၆ ခုနှစ်အတွက် နိုင်ငံခေါင်းဆောင်များက နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်း စကားများ ပြောကြား

ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

၂၀၁၆ ခုနှစ် နှစ်သစ် အချိန်အခါတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်း ၊ ဦးဉာဏ်ထွန်း ၊ ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တို့အပါအဝင် နိုင်ငံခေါင်းဆောင်များ အသီးသီးက နှစ်သစ်ကူး တိုက်တွန်း ဆန္ဒပြု ဆုတောင်း စကားများ ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က နှစ်သစ်ကူး မိန့်ခွန်း ထဲတွင် အခုလိုပြောကြားခဲ့ပါသည်။

ထို့အပြင် ပြည်သူ တစ်ဦးချင်းစီ အနေနှင့် ၂၀၁၆ ခုနှစ်ကို အမှုမဲ့၊ အမှတ်မဲ့ ဖြတ်သန်းခြင်း မပြုဘဲ သာမာန်ထက်ပိုသည့် စဉ်းစားတွေးခေါ်မှု၊ ကြိုးစား အားစိုက်မှုများနှင့် အတူ ဖြတ်သန်းကြရန် အလေးအနက်ထား တိုက်တွန်း လိုပါကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လည်း ၎င်း ၏ နှစ်သစ်ကူး ဆုတောင်း အမှာစကား အား ယခုကဲ့သို့ပြောကြားခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လည်း ၂၀၁၆ ခုနှစ် တွင် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူတို့နှင့် တစ်စိတ် ၊ တစ်ဝမ်းတည်း တက်ညီလက်ညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်အကြောင်း ယခုကဲ့သို့ အမှာစကားပြောကြားခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လည်း နှစ်သစ်ကူးဆုတောင်းစကားအား ယခုလို ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.