Connect with us

Videos

၂၀၁၈ ခုနှစ် နှစ်သစ်ကူး ပွဲတော် တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး အနုပညာ ပဒေသာ ကပွဲ ကျင်းပ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် နှစ်သစ်ကူး ပွဲတော် တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး အနုပညာ ပဒေသာ ကပွဲအား တရုတ်-မြန်မာ နှစ်နိုင်ငံ အနုပညာရှင်များ ပါဝင်၍ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မြန်မာနိုင်ငံ၌ တရုတ် နှစ်သစ်ကူး နွေဦးပွဲတော်သည် ဒေသခံ တရုတ် နွယ်ဖွားများနှင့် မြန်မာ တိုင်းရင်းသား လူမျိုးအားလုံး အတူနွှဲပျော်ကြသည့် အရေးပါသော ပွဲတော် တစ်ရပ် ဖြစ်ရုံသာမက ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး ကို မြှင့်တင်မှု တစ်ခုလည်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်တာကို ပြန်ပြောင်း သုံးသပ်ကြည့်ပါက တရုတ်-မြန်မာ ဆက်ဆံရေး ပိုမို ခိုင်မာ တိုးတက်လာပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပြည်သူတို့၏ စိတ်နှလုံးထဲတွင် ပိုမို နက်ရှိုင်း လာသည်ကို ဝမ်းမြောက်ဝမ်းသာစွာ တွေ့မြင်ရကြောင်း၊တရုတ်-မြန်မာ The Belt and Road အတူတကွ တည်ဆောက်ရေး နှင့် တရုတ်-မြန်မာ စီးပွားရေး စြင်္ကံ အတူတကွ တည်ဆောက်ရေး တို့သည် နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးစီးပွား များစွာ ဆောင်ကြဉ်း ပေးလာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ကိုယ်စား အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံက နှစ်သစ် ဆုတောင်း စကားများ ပြောကြားခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်မှုအစီအစဉ်များအရ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ ပညာရပ်များကို သင်ယူခွင့် ရသည့် အတွက် အထူးပင် ကျေးဇူး တင်ရှိပါကြောင်း၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံသူ/သားများ နှစ်သစ်ကူး အခါသမယတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ၊ အပြန်အလှန် စာနာ နားလည်မှု ၊ ချစ်ကြည် လေးစားမှု ၊ တစ်ဦးနှင့် တစ်ဦး အလေးထားမှုကို ရေရှည်ထိမ်းသိမ်း သွားနိုင်ရန် ဆန္ဒပြု ဆုတောင်းပါကြောင်း ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် နှစ်သစ်ကူး ပွဲတော် တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး အနုပညာ ပဒေသာ ကပွဲအား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် တရုတ် နိုင်ငံ ယူနန် ပြည်နယ် ယဉ်ကျေးမှု ဦးစီးဌာနတို့မှ ကြီးမှုးကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အနုပညာ ပဒေသာ ကပွဲ တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ အနုပညာရှင်များက ပျော်ရွှင်ဖွယ်ရာ မိသားစုအက၊ ပခန်းယိမ်း အက၊ ညီမငယ်ရဲ့တောသီချင်းလေးနှင့် အတူ အက၊ ပိုင်လူမျိုး ဆဌဂံ ဗုံအက၊ ဂျွမ်းဘား ကစားမှုများ ၊ မှန်ညောင်သဉ္စာ အက ၊ ကျွမ့်လူမျိုး စက္ကူ မြင်းအက၊ စင်တော်ပြိုင် ရုပ်သေး အက ၊ ဗျပ်စောင်းတီးခြင်းများ ၊ တိုင်လူမျိုးအက၊ ရီလူမျိုး အက၊ မြောင်လူမျိုး အက ၊ ပုသိမ်ထီးယိမ်း အက များဖြင့် တလှည့်စီ ကပြဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.