Connect with us

Videos

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ တရုတ်စာပြဇာတ်ပြိုင်ပွဲ

ရန်ကုန်၊ အောက်တိုဘာ၁ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ တရုတ်စာပြဇာတ်ပြိုင်ပွဲကို စက်တင်ဘာလ ၃၀ ရက် က ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။

အဆိုပါ တရုတ်စာပြဇာတ်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ အရှေ့တိုင်းဘာသာစကားနှင့်စီးပွားရေးစင်တာ ကွန်ဖြူးရှပ် စာသင်ကျောင်း ၊ ဖူရှင်း ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း၊ ကျန့်ရို တရုတ်စာသင်ကျောင်း များမှ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်တင်ဆက်ခဲ့ကြောင်း သိရသည်။

ယင်းပြဇာတ်တင်ဆက်မှုပြိုင်ပွဲ၌ ဝဋ်ကြွေးသံသရာလည်ပုံကို ဖော်ညွှန်းသည့် “ ရှင်မဟာမောဂ္ဂလန်၏ ဘဝဖြစ်စဉ် ”၊ မိဘမေတ္တာ ဖော်ကျူးသည့် “အမေ့ မေတ္တာအလင်းရောင်” ၊ မိဘအုပ်ထိန်းသူနှင့် ကင်းကွာနေသော ကလေးငယ်တစ်ဦးအား လမ်းမှန်ရောက်ရှိစေရေးသွန်သင်ဆုံးမရန် လိုအပ်ပုံ ကို ဖော်ကျူးတင်ဆက်သည့် “ဆရာ” ၊ ဘာသာပြန်ဝတ္တုတို “ရဲနှင့်ဓမ္မတေး”၊ ကလေးပုံပြင် “သစ်တော ဘိုးဘိုး”စသည့် ပြဇာတ်များပါဝင်ရာ ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသားကျောင်းသူ ကလေးငယ်များ က ဟန်ပါပါမာန်ပါပါသက်ဝင်လှုပ်ရှားစွာဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင်ပါဝင်ယှဉ်ပြိုင်သည့်ကျောင်းသားကျောင်းသူများအား ဆုများအသီးသီးပေးအပ်ခဲ့ရာ ပထမဆု ဆွတ်ခူးရရှိသည့် “ ရှင်မဟာမောဂ္ဂလန်၏ ဘဝဖြစ်စဉ် ” ပြဇာတ် တွင်ပါဝင်ခဲ့ကြသည့် အရှေ့တိုင်း ဘာသာစကားနှင့်စီးပွားရေးစင်တာ ကွန်ဖြူးရှပ် စာသင်ကျောင်းမှ ကျောင်းသားကျောင်သူ များအား မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ယဉ်ကျေးမှုသံမှူး မစ္စတာထျန်ဆန့်ထင်မှ ဆုပေးအပ်ချီးမြင့်ခဲ့ ပါသည်။

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ တရုတ်စာပြဇာတ်ပြိုင်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ယဉ်ကျေးမှုသံရုံးမှ ကြီးမှူးကျင်းပပြီး အရှေ့တိုင်းဘာသာစကားနှင့်စီးပွားရေးစင်တာ ကွန်ဖြူးရှပ် စာသင်ကျောင်းမှ တာဝန်ယူကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.