Connect with us

Videos

၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ရန်ကုန်မြို့ဝန်ကြီးများရုံး၌ ကျင်းပ

ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

၇၁နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားအား ယနေ့ဇူလိုင် ၁၉ ရက် ၊ အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး၌ ကျင်းပခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး(ယခင် အတွင်းဝန်ရုံး)၌ ပြုလုပ်သော အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် တက်ရောက်လာသူများက ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း ၊ မေတ္တာပို့အမျှပေးဝေခြင်း ၊ အလံအား တိုင်ဝက် လျှော့ချ လွှင့်ထူခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထိုအခမ်းအနားသို့သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် အတူ ကျောင်းသား/သူများ ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများလည်း ပါဝင် တက်ရောက်ခဲ့ကြသည်။

ယခု ၇၁ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန် ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)၊ ဗိုလ်ချုပ် အောင်ဆန်း နေအိမ် ပြတိုက် (နတ်မောက်မြို့) နှင့် ဝန်ကြီးများရုံး တို့ကို အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ဖွင့်လှစ် ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.