Connect with us

Videos

3D နည်းပညာဖြင့် ပရင့်ထုတ်လုပ်တည်ဆောက်ထားသည့် လူကူးတံတား

ရှန်ဟိုင်း၊ မတ် ၁ဝ ရက်(ဆင်ဟွာ)

3D နည်းပညာဖြင့် အသုံးအဆောင်ပစ္စည်းများကို ပရင့်ထုတ်ကာ ပုံဖော်ဖန်တီးမှုများထဲတွင် ကမ္ဘာ့အကြီးဆုံး စံချိန်ချိုးနိုင်သည့် လူကူးတံတားတစ်စင်းကို တရုတ်နိုင်ငံအရှေ့ပိုင်းရှန်ဟိုင်းမြို့တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ တံတားတစ်စင်းလုံးကို စက်ရုပ်များဖြင့် နာရီပေါင်း ၄၅ဝ အချိန်ယူကာ ပရင့်ထုတ် ပုံဖော်ထားပြီး တံတား၏ အရှည်မှာ ၂၆.၃ မီတာရှိပြီး အကျယ်အားဖြင့် ၃.၆ မီတာရှိကာ လူခြောက်ရာခန့်၏ အလေးချိန်ကိုခံနိုင်ဝန်ရှိစေရန် အထူးဒီဇိုင်းထုတ်လုပ်ထားသည်ဟုသိရသည်။ Tsinghua တက္ကသိုလ် က ဒီဇိုင်နာများက တီထွင်ထုတ်လုပ်ခြင်းဖြစ်ပြီး သမားရိုးကျ တံတားများကို တည်ဆောက်သည့် ကျသင့်ငွေထက် ၃ ပုံ ၂ ပုံခန့် သက်သာ ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.