Connect with us

Videos

လှိုင်သာယာမြို့နယ် AA အီလက်ထရောနစ်စက်ရုံမီးလောင်ကျွမ်းမှု

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ ကျန်စစ်သားလမ်းနှင့် ဦးမြဲလမ်းထောင့်၊ စက်မှုဇုန်အပိုင်း(၃)၊ အကွက် အမှတ်(၃/၄)ရှိ AA အီလက်ထရောနစ်စက်ရုံတွင် အောက်တိုဘာလ ၂၅ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၄၇)စီး၊ ရေသယ်ယာဉ်(၂၉)စီး၊ အုပ်ချုပ်မှုယာဉ်(၁၁)စီး၊ အထောက်အကူပြုယာဉ် (၁၉)စီး၊ မီးသတ်စက်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုကြောင့် AA အီလက်ထရောနစ်စက်ရုံပိုင် (၁၀၀x၁၅၀)ပေ အဆောက်အဦ(၁)လုံးနှင့် (၁၅၀x၁၅၀)ပေ အဆောက်အဦ(၁)လုံး၊ စုစုပေါင်းအဆောက်အဦ(၂)လုံး မီးလောင်ကျွမ်း ခဲ့သည်။

မီးလောင်မှုအကြောင်းအရင်း၊ မီးလောင်ဆုံးရှုံးသည့် ပစ္စည်းနှင့်တန်ဖိုး၊ အရေးယူခံရသူနှင့် (ပ) နံပါတ် တို့မှာ(စုံစမ်းဆဲ)ဖြစ်ပြီးမနက် ၇နာရီ မိနစ်၂၀အချိန်တွင်မီးငြိမ်းခဲ့ကြောင်း မီးသတ်ဦးစီးဋ္ဌာန၏ သတင်းများအရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.