Connect with us

Videos

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisiတို့ တွေ့ဆုံ ဆွေးနွေး

ပေကျင်း၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi သည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ၂ဝ၁၈ ခုနှစ် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (FOCAC) ပေကျင်းထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် စက်တင်ဘာလ ၁ ရက်နေ့ က ပေကျင်းသို့ရောက်ရှိလာခဲ့သည်။တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisiတို့သည် စက်တင်ဘာ ၁ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ ရာ သမ္မတရှီက တရုတ်နိုင်ငံအနေဖြင့် တရုတ်-အီဂျစ်ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အလေးထားကြောင်း ၊ အီဂျစ်နိုင်ငံနှင့်အတူ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများကို တိုးမြှင့်လုပ်ဆောင် ကာ ဘုံအကျိုးစီးပွားကို ကာကွယ်သွားလိုကြောင်း ပြောကြားခဲ့သည်။အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisiကလည်း တရုတ်နိုင်ငံနှင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို လည်း တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.