Connect with us

Videos

တရုတ်နိုင်ငံ၏ ဇီဝနည်းပညာကုမ္ပဏီကြီးဖြစ်သည့် BGI က အီသီယိုးပီးယား နိုင်ငံတွင် COVID-19 စမ်းသပ်ရေးကိရိယာထုတ်လုပ်ရေးစက်ရုံဖွင့်လှစ်

အဒစ်အဘာဘာ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ ဇီဝနည်းပညာကုမ္ပဏီကြီးဖြစ်သည့် BGI ကုမ္ပဏီသည် အာဖရိကတိုက်တွင် ပထမဆုံးအဖြစ် ၎င်း၏ COVID-19 စမ်းသပ်ရေးကိရိယာ ထုတ်လုပ်ရေးစက်ရုံကို အီသီယိုးပီးယား နိုင်ငံ၏ မြို့တော် အဒစ်အဘာဘာ တွင် ဖွင့်လှစ်ခဲ့သည်။ ၎င်းစက်ရုံမှ  နှစ်စဉ် စမ်းသပ်ရေးကိရိယာပေါင်း ၆ သန်းခန့် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး အာဖရိကတိုက်ရှိ နိုင်ငံများအားလုံး COVID-19 တိုက်ဖျက်ရေးကဏ္ဍတွင် အကျိုးကျေးဇူးရှိစေမည့် ဈေးနှုန်းသက်သာသော စမ်းသပ်စစ်ဆေးရေးကိရိယာများ ရရှိစေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။ယင်းစက်ရုံတွင် HIV/AIDS ရောဂါ ၊ တီဘီရောဂါ နှင့် ငှက်ဖျားရောဂါစစ်ဆေးရေးကိရိယာများကိုလည်း ထုတ်လုပ်သွားမည်ဖြစ်သည်။ 

BGI အီသီယိုးပီးယား စက်ရုံမှ အထွေထွေမန်နေဂျာ ချန်းဆောင်းဟန် က 

“ ဒီစက်ရုံဟာဆိုရင် အီသီယိုးပီးယားနိုင်ငံမှာတင်မဟုတ်ပါဘူး အာဖရိကတိုက်မှာပါ ပထမဆုံးဖွင့်လှစ်တဲ့ စက်ရုံဖြစ်ပါတယ် ၊ အခုဆိုရင် ဒီစက်ရုံကနေ တစ်နှစ်ကို COVID-19 စစ်ဆေးရေးကိရိယာအစုံပေါင်း ၆ သန်းခန့်ကို ထုတ်လုပ်နိုင်တော့မှာပါ ၊ ကျွန်တော်တို့ကုမ္ပဏီဟာဆိုရင် အာဖရိကတိုက်ရှိ နိုင်ငံများအားလုံးအတွက် အကျိုးကျေးဇူးရရှိစေဖို့ ထုတ်ကုန်တွေကို အီသီယိုးပီးယားနိုင်ငံတွင်းမှာ ထုတ်လုပ်သွားမှာပဲဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကြီးကို တိုက်ဖျက်ရာမှာအထောက်အကူဖြစ်စေမယ့် အာဖရိကတိုက်ရှိနိုင်ငံများအားလုံးလည်း လက်လှမ်းမီလောက်တဲ့ စမ်းသပ်ရေးကိရိယာတွေ ထုတ်လုပ်ပေးသွားမှာပါ။ အီသီယိုးပီးယားအစိုးရရဲ့ ထောက်ပံ့ကူညီပေးမှုကိုလည်း ကျေးဇူးအထူးတင်ပါတယ်လို့ပြောကြားလိုပါတယ်။ အီသီယိုးပီးယားနိုင်ငံအစိုးရရဲ့ တစ်တပ်တစ်အား ပါဝင်ကူညီပေးမှုဟာလည်း COVID-19 တိုက်ဖျက်ရေးကဏ္ဍမှာ ကျွန်တော်တို့အတွက် အင်မတန်မှ ယုံကြည်ချက်တိုးပွားစေပါတယ်။ COVID-19 ကပ်ရောဂါကြီးပြီးဆုံးသွားရင်လည်း ကျွန်တော်တို့  က HIV/AIDS, TB, ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စတဲ့ ရောဂါ လက္ခဏာများကို  စမ်းသပ်စစ်ဆေးရေးကိရိယာတွေကို ထုတ်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟုဆိုသည်။

BGI ကုမ္ပဏီမှ Research and Development Engineer တစ်ဦးဖြစ်သည့် ဟူစိန် မိုဟာမက်က “ ကျွန်တော်တို့ဆီမှာ COVID-19 တိုက်ဖျက်ရေးအတွက် ကျွမ်းကျင်ပညာရှင်ရယ်လို့ သိပ်မရှိလှပါဘူး၊ ဒီတော့ကျွန်တော့်အနေနဲ့ကတော့ BGI အီသီယိုးပီးယား ကုမ္ပဏီ နဲ့ ရေရှည်လက်တွဲလုပ်ဆောင်သွားပြီး အခုထက်ပိုမို တိုးတက်အောင်ဆောင်ရွက်သွားချင်တဲ့ စိတ်ကူးအိပ်မက်ရှိပါတယ်။ အီသီယိုးပီးယား လူမျိုးတစ်ယောက် အနေနဲ့  BGI အီသီယိုးပီးယား ကုမ္ပဏီ မှာ အလုပ်လုပ်ခွင့်ရတာ အင်မတန်ကိုမှ ဂုဏ်ယူစရာကောင်းလှပါတယ်၊ ဒီ ကုမ္ပဏီကနေ အနာဂတ်မှာ အင်မတန် ကောင်းမွန်တဲ့အတွေ့အကြုံတွေ ရရှိလာမယ်လို့မျှော်လင့်မိတဲ့အပြင် ဒေသခံ လုပ်သားတွေကိုလည်း ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကိုပြန်လည် ဝေမျှပေးသွားဦးမှာပါ၊ တရုတ်နိုင်ငံ အစိုးရအနေနဲ့လည်း COVID-19 ကပ်ရောဂါ ကာလအတွင်းမှာကျွန်တော်တို့ အပေါ်မှာ ကောင်းမွန်စွာ ကာကွယ် စောင့်ရှောက်မှုပေးခဲ့ပါတယ်။ သူတို့ ဟာ အခန်းထဲမှာ ၆ လကျော် နေထိုင်ခဲ့ရတဲ့ ကျွန်တော်တို့အတွက်  အစားအသောက်အခမဲ့စီစဉ်ပေးခဲ့ပါတယ်” ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.